လက်ရွေးစင်အသင်းအတွက် ဂျာမနီနိုင်ငံသားကြံ့ခိုင်ရေးနည်းပြ ခန့်အပ်မည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
mff
မြန်မာ ၃-၁ လာအိုပွဲစဉ်တွင်ပွဲထွက်ကစားခဲ့သည့် မြန်မာ့လက်ရွေးစင်ကစားသမားများအားတွေ့ရစဉ်။

နိုဝင်ဘာ ၂။
အောင်သော်ဖြိုး။

မြန်မာ့လက်ရွေးစင်အသင်းတွင် လစ်လပ်နေသည့် ကြံ့ခိုင်ရေးနည်းပြ နေရာအတွက် ဂျာမနီနိုင်ငံသား ကြံ့ခိုင်ရေးနည်းပြ တစ်ဦးအားဒီဇင်ဘာလအတွင်းခန့်အပ်သွားမည်ဟု မြန်မာ့လက်ရွေးစင်အသင်းနည်းပြ ဂျာမနီနိုင်ငံသား ဂတ်ဆီဇီ ကဆိုသည်။

မြန်မာ့လက်ရွေးစင်နည်းပြဟောင်း အေဗရာမိုဗစ်ခ်ျ နှင့်အတူ ကြံ့ခိုင်ရေးနည်းပြ လူကာကိုပါ မြန်မာ့လက်ရွေးစင်အသင်းမှ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ပြီးနောက်ပိုင်းတွင် ကြံ့ခိုင်ရေးနည်းပြအသစ် ခန့်အပ်နိုင်ခြင်းမရှိသေးဘဲ နည်းပြသစ်တစ်ဦးအား ရှာဖွေနေကြောင်း သိရသည်။

့မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ပြုလုပ်မည့် ဆူဇူကီးပြိုင်ပွဲကို ဂတ်ဆီဇီ ကိုင်တွယ်သည့် မြန်မာ့လက်ရွေးစင်အသင်းနှင့်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲများ ယှဉ်ပြိုင်ပြီးချိန်တွင် တစ်လတစ်ကြိမ် လေ့ကျင့်ခန်းအစီစဉ်များ ပြုလုပ်သွားမည် ဟု သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် တောင်ကိုရီးယား၊ ကူဝိတ်၊ လက်ဘနွန်အသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီးလက်ရှိတွင် အုပ်စု(G)တွင် အဆင့်၎နေရာတွင် ရပ်တည်နေသည်။

comments

error: Content is protected !!