ရီးရဲလ်အသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိနေသည်ဆိုသည့် သတင်းများအပေါ် ဗာရာတီ ငြင်းဆန်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
PARIS, FRANCE - APRIL 28:  Marco Verratti of PSG reacts during the Ligue 1 game between Paris Saint Germain and Metz at Parc des Princes on April 28, 2015 in Paris, France.  (Photo by Aurelien Meunier/Getty Images)
ပီအက်စ်ဂျီကွင်းလယ်ကစားသမားဗာရာတီအားတွေ့ရစဉ်။

ပီအက်စ်ဂျီအသင်း၏ အီတလီလက်ရွေးစင်ကွင်းလယ်လူ ဗာရာတီသည် ၎င်းအားစိတ်ဝင်စားနေသည့် ရီးရဲလ်အသင်းထံ ပြောင်းရွှေ့ဖွယ်ရှိနေကြောင်းထွက်ပေါ်လာသည့်သတင်းများအပေါ် ငြင်းဆန်ခဲ့ပြီး ပီအက်စ်ဂျီအသင်းအား စွန့်ခွာရန် အစီအစဉ်မရှိကြောင်း မီဒီယာများထံ ဖွင့်ဟပြောကြားခဲ့သည်။

ပက်စကာရာအသင်းလူငယ်စီမံကိန်းမှ ပေါ်ထွက်လာခဲ့သည့် ဗာရာတီသည် ပီအက်စ်ဂျီအသင်းနှင့်အတူ ပြင်သစ်လိဂ်ပွဲစဉ်များတွင် ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် ဥရောပအသင်းကြီးအချို့၏ စိတ်ဝင်စားခြင်းကိုခံနေသော်လည်း ၂၀၁၉ အထိအသင်းနှင့် စာချုပ်သက်တမ်းတိုးမြှင့်ချုပ်ဆိုထားသူဖြစ်သည်။

“ထိပ်တန်းအသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကိုလက်ခံရရှိတဲ့အတွက် ကျေနပ်မိသလို ဂုဏ်လည်းယူပါတယ်။ ဒါပေမဲ့ ထိပ်သီးအသင်းတစ်သင်းကိုရောက်ရှိဖို့တစ်ခုတည်းနဲ့ပီအက်စ်ဂျီအသင်းကို စွန့်ခွာမှာမဟုတ်ပါဘူး။ ပြင်သစ်ကိုယ်စားပြု ကလပ်အသင်းနှင့်အတူ အောင်မြင်မှုတွေဆက်လက်ရရှိချင်ပါ
သေးတယ်” ဟု ဗာရာတီက ဆိုခဲ့သည်။

အသက် ၂၂နှစ်အရွယ်ရှိ ကွင်းလယ်လူဗာရာတီသည် ၂၀၁၂ ခုနှစ်တွင် ပီအက်စ်ဂျီအသင်းသို့ရောက်ရှိခဲ့ပြီးနောက်ပိုင်း အသင်းနှင့်အတူ ပွဲထွက်ကစားခွင့်များရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ပြင်သစ်လိဂ်အကောင်းဆုံးလူငယ်ကစားသမားဆုရရှိခဲ့ကာလီဂူးတစ်နှစ်တာအကောင်းဆုံးကစားသမား ၁၁ ဦးစာရင်းတွင် ၃နှစ်ဆက်တိုက် ပါဝင်ခွင့်ရရှိခဲ့သူဖြစ်သည်။

comments

error: Content is protected !!