လက်ရွေးစင်အသင်းကို အနိုင်ရခဲ့သည့် ယူ-၂၁ အသင်း

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
usevs
မြန်မာ့လက်ရွေးစင်အသင်းမှ အောင်သူ၏ထိုးဖောက်ကစားဟန်။

နိုဝင်ဘာ ၃။
အောင်သော်ဖြိုး

ပြည်ပပြိုင်ပွဲများသွားရောက် ယှဉ်ပြိုင်ရန် ရှိသည့် မြန်မာ့လက်ရွေးစင် အသင်းနှင် မြန်မာ့လက်ရွေးစင် ယူ-၂၁ အသင်းတို့ နိုဝင်ဘာ ၃ရက် ညနေ ၆နာရီ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ခဲ့ကြပြီး ယူ၂၁အသင်းကလက်ရွေးစင်အသင်းကို၁-၀ ဂိုးဖြင့်အနိုင်ရခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်း နည်းပြသစ် ဂတ်ဖရိုင်းဒရစ်ခ်ျက ကျော်ကိုကို၊ အောင်သူ တိုက်စစ်အတွဲနှင့် ရဲကိုဦး၊ ရန်အောင်ကျော်၊လှိုင်းဘိုဘို၊ နန္ဒကျော်၊ ဇော်မင်းထွန်း၊ ဟိန်းသီဟဇော်၊ သက်နိုင်၊ဇော်လင်း နှင့် ဂိုးသမားအဖြစ် ကျော်ဇင်ဖြိုးတို့ ပွဲထွက်လာခဲ့ပြီးမြန်မာ့လက်ရွေးစင် ယူ-၂၁အသင်းက ဂိုးသမား ဘုန်းသစ္စာမင်း၊ သန်းပိုင်၊မောင်မောင်စိုး၊မောင်မောင်လွင်၊ရန်နိုင်ဦး၊ သိန်းဇော်၊ ထိုက်ထိုက်အောင်၊နိုင်လင်းထွန်း၊ ကျော်ဇေယျ၊ စိုးမိုးထွန်း၊ သန်းဇော်ဟိန်း တို့ဖြင့်ပွဲထွက်လာခဲ့သည်။

အဆိုပါခြေစမ်းပွဲကို မိနစ်၃၀၊ ၃ပိုင်းကစားခဲ့ပြီး ပထမပိုင်း မိနစ် ၃ဝတွင် မြန်မာ့လက်ရွေးစင်အသင်း အထနှေးနေပြီး သန်းပိုင်၊ မောင်မောင်လွင်၊မောင်မောင်စိုး၊ ရန်နိုင်ဦးတို့မှ မြန်မာ့လက်ရွေးစင်အသင်း နောက်တန်းကို ဖိအားပေးကစားခဲ့သည်။

ဒုတိယ မိနစ် ၃ဝအစတွင် မြန်မာ့လက်ရွေးစင် ယူ-၂၁အသင်းအတွက် အဖွင့်ဂိုးကို သိန်းဇော်မှ ထောင့်ကန်ဘောမှ တဆင့် ခေါင်းတိုက်သွင်းယူပေးခဲ့ပြီးအဖွင့်ဂိုးပေးပြီးနောက်ပိုင်း မြန်မာ့လက်ရွေးစင်အသင်း အနည်းငယ် ပိုကောင်းလာပြီး ယူ-၂၁အသင်းဘက်သို့ ထိရောက်သော တိုက်စစ်ဆင်မှုများရှိလာသည်။၅၁ မိနစ်တွင် လူစားဝင်လာသည့် ကျော်ဇင်လွင်၏ အပြင်းကန်ချက်ကို ဂိုးသမား ဘုန်းသစ္စာမင်း ကာကွယ်နိုင်ခဲ့ပြီး ၅၂မိနစ်တွင် ရဲကိုဦး အဝေးမှကန်သည့်ဘောလုံး ဂိုးပေါက်နှင့် အနည်းငယ်လွဲခဲ့သည်။

၅၃မိနစ်တွင် မြန်မာ ယူ-၂၁အသင်းက ကစားအားကျလာသည့် သန်းပိုင် နေရာတွင် ယူ-၁၉ ကစားသမား အောင်ဇင်ဖြိုးကို အစားထိုး ကစားခဲ့ပြီး၊ လက်ရွေးစင်
အသင်းကလည်း လှိုင်းဘိုဘိုအစား နေလင်းထွန်းကို လူစားလဲခဲ့သည်။

၅၇ မိနစ်တွင် မောင်မောင်လွင် ချိုးပေးသည့် ဘောလုံးကောင်းမွန်သော်လည်း သန်းဇော်ဟိန်း အချိန်မှီမပိတ်သွင်းနိုင်ခဲ့သည့်အတွက် ယူ-၂၁အသင်း နစ်နာခဲ့သည်။
၆၃မိနစ်တွင် ညာဘက်မှ တင်ပေးသည့်ဘောလုံးကို သီဟဇော် အပိုင်ကန်သွင်းရသော်လည်း ဂိုးပေါက်နှင့် လွဲခဲ့သည်။

မြန်မာလက်ရွေးစင်အသင်း ကျော်ကိုကို၊ အောင်သူ နေရာတွင် ဆော်လမန်၊ကြည်လင်း တို့ ဝင်ရောက်လာပြီး ၇၄မိနစ်တွင် ဆော်လမန် ဂိုးဧရိယာအတွင်း ကန်ချက်ဂိုးသမား ဘုန်းသစ္စာမင်း အကောင်းဆုံးကာကွယ်ခဲ့သည်။

မြန်မာလက်ရွေးစင်အသင်း တိုက်စစ်မှ ထိုးဖောက်မှုများပိုမိုများလာသော်လည်း ယူ-၂၁ နောက်တန်းနှင့် ဂိုးသမား အကောင်းဆုံးဟန့်တားနိုင်ခဲ့သည်။နောက်ဆုံးမိနစ်တွင် ရရှိခဲ့သည့် ထောင့်ကန်ဘောကို ဖြိုးကိုကိုသိန်း ခေါင်းတိုက်ပုံကောင်းမွန်သော်လည်း ဘုန်းသစ္စာမင်း လက်စွမ်းပြကာကွယ်နိုင်ခဲ့သည့်အတွက်
ပွဲပြီးဆုံးချိန်တွင် မြန်မာယူ-၂၁ အသင်းက လက်ရွေးစင် အသင်းကို ၁-ဝ ဖြင့် အနိုင်ရခဲ့သည်။

11148636_616523335153149_1558035514185654378_n 12112403_616523318486484_8199322190685500356_n

comments

error: Content is protected !!