ခံစစ်အားနည်းမှုကို စိုးရိမ်မိသည်ဟု ဆမ်အလာဒိုက်စ်ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ခံစစ်ပိုင်းအတွက် စိုးရိမ်သည်ဟု ဖွင့်ဟခဲ့သည့် အလာဒိုက်စ်

ပရီးမီးယားလိဂ်ပွဲစဉ် ၁၁ အဖြစ် အဲဗာတန်နှင့်ယှဉ်ပြိုင်ခဲ့ရာတွင် ၆-၂ ဂိုးဖြင့်အရေးနိမ့်ခဲ့ပြီးနောက် အသင်းခံစစ်အားနည်းမှုကို စိုးရိမ်မိကြောင်း ဆန်းဒါးလန်းနည်းပြ ဆမ်အလာဒိုက်စ်က ဖွင့်ဟပြောကြားခဲ့သည်။

ဆန်းဒါးလန်းအသင်းသည် နယူးကာဆယ်နှင့်ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် ယခုဘောလုံးရာသီ ပထမဆုံးဂိုးမပေးရသည့်ပွဲအဖြစ် ၃-၀ ဂိုးဖြင့်အနိုင်ရခဲ့ပြီးနောက် ဂွတ်ဒီဆင်ပတ်ခ်၌ယှဉ်ပြိုင်ခဲ့သော အဲဗာတန်နှင့်ပွဲတွင် ၇ မိနစ်အတွင်း ၃ ဂိုးပေးခဲ့ရသည်။

အသင်းခံစစ်နှင့်ပတ်သက်၍ နည်းပြအလာဒိုက်စ်က ”အဲဒီပွဲမှာ ကျွန်တော်တို့ရဲ့ ခံစစ်ပိုင်းအရမ်းအားနည်းခဲ့တယ်။ ခံစစ်သာမပေါက်ခဲ့ဘူးဆိုရင် အဝေးကွင်းမှာ ၂-၂ သရေနဲ့ ပြီးနိုင်ပါတယ်။ ဒီပြဿနာက လာမယ့် လအနည်းငယ်အထိ ခရီးဆက်သွားနိုင်တယ်” ဟု ပြောကြားခဲ့သည်။

ဆန်းဒါးလန်းအသင်းသည် ဒီဖိုး၊ ဖလက်ချာတို့၏ သွင်းဂိုးများဖြင့် ပြန်လည်ချေပနိုင်ခဲ့ပြီးနောက် ၁၂ မိနစ်အကြာတွင် ၅-၂ ဂိုးဖြစ်ခဲ့ပြီး ပွဲပြီးရလဒ် ၆-၂ ဖြင့် အဲဗာတန်ကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲတွင် အဲဗာတန်တိုက်စစ်မှူးအရိုနာကွန်းမှ ပထမဆုံးဟတ်ထရစ်ဂိုး သွင်းသူပေးနိုင်ခဲ့ပြီး နည်းပြမာတီနက်ဇ်က လူငယ်ကစားသမားများအတွက် စံပြဖြစ်သူဟု ချီးမွမ်းခဲ့သည်။

comments

error: Content is protected !!