ဗီယက်နမ်ဖိတ်ခေါ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ မြန်မာ ယူ-၂၁ အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
mm-women-u-21-
ဗီယက်နမ်နိုင်ငံသို့ထွက်ခွာသွားသည့် မြန်မာယူ၂၁အမျိုးသမီးအသင်းအားတွေ့ရစဉ်

နိုဝင်ဘာ ၂။
အောင်သော်ဖြိုး။

ဗီယက်နမ် နိုင်ငံ၊ ဟိုချီမင်း မြို့တော်တွင် နိုဝင်ဘာလ ၄ရက်နေ့ မှ ၈ရက်နေ့အထိ ကျင်းပမည့် ဗီယက်နမ် ဖိတ်ခေါ် အမျိုးသမီး ဘောလုံးပြိုင်ပွဲကို မြန်မာ ယူ-၂၁ အမျိုးသမီးအသင်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး နိုဝင်ဘာလ ၂ရက်နေ့ ညနေပိုင်းတွင် ဗီယက်နမ် နိုင်ငံသို့ ထွက်ခွာသွားကြောင်းသိရသည်။

ဗီယက်နမ်ဖိတ်ခေါ် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် မြန်မာယူ-၂၁ အမျိုးသမီးအသင်း၊ ဟောင်ကောင်လက်ရွေးစင်အမျိုးသမီးအသင်း၊ ဟိုချီမင်းစီးတီး အမျိုးသမီးကလပ်အသင်း၊ ဖိလစ်ပိုင် FEU အမျိုးသမီးကလပ်အသင်းတို့ ပါဝင်မည် ဖြစ်ပြီး အုပ်စု ပတ်လည် အမှတ်ပေး စနစ်ဖြင့် ကျင်းပမည်ဖြစ်သည်။

မြန်မာယူ-၂၁ အသင်းနည်းပြချုပ် ဒေါ်သက်သက်ဝင်း၊ အုပ်ချုပ်သူ အဖြစ် ဒေါ်မြတ်မြတ်ဦး၊ လက်ထောက်နည်းပြ အဖြစ် ဒေါ်စန်းစန်းသိန်းဂိုးနည်းပြ အဖြစ် ဦးကိုကိုအောင်၊ အသင်းဆရာဝန် အဖြစ် ဒေါ်ယုနန္ဒာထွန်း ကဆောင်ရွက်မည်ဖြစ်သည်။

အုပ်စုပထမ အမှတ်အများဆုံးရရှိသည့် အသင်းကို အမေရိကန်ဒေါ်လာ ငါးထောင်၊ ဒုတိယ ရရှိသည့်အသင်းကို အမေရိကန်ဒေါ်လာ ၃ထောင်၊ တတိယဆုရရှိသည့်အသင်းကို အမေရိကန်ဒေါ်လာ ၁ထောင် ချီးမြှင့်မည်ဖြစ်သည်။

comments

error: Content is protected !!