အာဆင်နယ်ဖိအားဒဏ်ခံရမည်ဟု ဗီဒယ်သတိပေး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဖရန့်ဖတ်နှင့်ပွဲစဉ်ကတွေ့ရသည့် ဗီဒယ်

ဘိုင်ယန်မြူးနစ်ကွင်းလယ်ဖန်တီးရှင် ဗီဒယ်က ယခုတစ်ပတ်ဗုဒ္ဓဟူးနေ့တွင် ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်၌ ပြိုင်ဘက်အာဆင်နယ်အသင်း ဖိအားဒဏ်ခံရမည်ကို မျှော်လင့်ထားရန် သတိပေးပြောကြားလိုက်သည်။

နည်းပြအာစင်ဝင်းဂါး၏ အာဆင်နယ်အသင်းသည် ပထမအကျော့တွေ့ဆုံမှုတွင် အိမ်ကွင်းအမ်းမရိတ်စ်၌ ၂-၀ ဂိုးဖြင့်အနိုင်ရခဲ့သောကြောင့် ဘိုင်ယန်မြူးနစ်က ရှုံးကြွေးဆပ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

အဆိုပါပွဲတွင် ဘိုင်ယန်မြူးနစ်ဘက်မှ ဂိုးရရှိရန်အခွင့်အရေးများစွာပိုင်ဆိုင်ခဲ့သော်လည်း မျှော်လင့်မထားသည့် ရှုံးနိမ့်မှုနှင့်ကြုံတွေခဲ့ရသောကြောင့် ကွင်းလယ်ဖန်တီးရှင်ဗီဒယ်က ယခုကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်သည်။

ချီလီလက်ရွေးစင်ဗီဒယ်က ”လာမယ့်ဗုဒ္ဓဟူးမှာ ဘိုင်ယန်မြူးနစ်အစစ်အမှန်ကို အာဆင်နယ်သိသွားအောင် ကျွန်တော်တို့အားလုံး လုပ်ပြမှာပါ။ ကျွန်တော်တို့ရဲ့ ယုံကြည်မှုကလည်း အမြင့်ဆုံးဖြစ်နေပါပြီ။ အဲဒီပွဲမှာ ကျွန်တော်တို့အခွင့်အရေးကို ကျွန်တော်တို့ပြန်ရယူပြီး ၃ မှတ်ရအောင်ကစားမှာပါ” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!