တိုယိုတာမဲခေါင် ပြိုင်ပွဲဝင် ရန်ကုန်အသင်းတွင် နိုင်ငံခြားကစားသမားများ ပါဝင်ရန် မသေချာ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
useyufc
MNL2015အမှတ်ပေးချန်ပီယံရန်ကုန်ယူနိုက်တက်အောင်ပွဲခံနေစဉ်။

နိုဝင်ဘာ ၂။
အောင်သော်ဖြိုး။

Ooredoo MNL 2015 ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည့်အတွက် တိုယိုတာမဲခေါင် ဘောလုံးပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင်မည့် ရန်ကုန်အသင်းတွင် နိုင်ငံခြားသား ကစားသမားများ ပါဝင်ရန် မသေချာဟု ရန်ကုန်အသင်း အထွေထွေမန်နေဂျာ ဦးကျော်လင်းထွေးက ဆိုသည်။

ရန်ကုန်အသင်းမှ ဘရာဇီး နိုင်ငံသား ဂိုးသမား ဖာနန်ဒို၊ တိုက်စစ်မှူး ဆီဇာ၊ ကွင်းလယ် ကစားသမား အီမာဆင် နှင့် ဂျပန် နောက်ခံလူ ကာနေးကိုး တို့သည် ချင်းယူနိုက်တက်ဖြင့် ယှဉ်ပြိုင်ခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ၂၀၁၅ နောက်ဆုံးပွဲစဉ်တွင်အသင်းနှင့် စာချုပ် သက်တမ်းကုန်ဆုံးခဲ့ခြင်း ဖြစ်ပြီး ဘရာဇီးကစားသမားများမှာ ယခုအခါ မွေးရပ်မြေဘရာဇီးသို့ပြန်သွားကြောင်းသိရသည်။

ရန်ကုန်အသင်းသည် ဆားဘီယားလူမျိုး နည်းပြ မီယို ဒရက် ရက်ဆစ် နှင့် လမ်းခွဲခဲ့ပြီးနောက် နိုင်ငံခြားသား နည်းပြကို ထပ်မံ ခန့်အပ်နိုင်ခြင်းမရှိသေးသည့်အတွက် အဆိုပါနိုင်ငံခြားသား ကစားသမားများကို စာချုပ် သက်တမ်းတိုးရန် မစီစဉ်ရသေးခြင်းဖြစ်ကြောင်း ဦးကျော်လင်းထွေးက ဆိုသည်။

နောက်ထပ် ရောက်လာမယ့် နိုင်ငံခြားသား နည်းပြကပဲ နိုင်ငံခြားသား ကစားသမား အသစ်ခေါ်မလား၊ အဟောင်းတွေကို ဆက်ထားမလားဆိုတာ ဆုံးဖြတ်မှာပါ ဟု ရန်ကုန်အသင်းပိုင်ရှင် ဦးပြည့်ဖြိုးတေဇက ဆိုသည်။

ရန်ကုန်အသင်းသည် နိုဝင်ဘာလ ၂၂ရက်နေ့တွင် လာအိုနိုင်ငံ ပြည်တွင်းအမှတ်ပေး ချန်ပီယံဖြင့် ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ညနေ၄နာရီ၌ ယှဉ်ပြိုင်မည် ဖြစ်ပြီး နိုဝင်ဘာလ ၂၉ရက်နေ့တွင် ကမ္ဘောဒီယား အမှတ်ပေးချန်ပီယံဖြင့် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင် အမျိုးသားအိုလံပစ် အားကစားကွင်းတွင် ယှဉ်ပြိုင်မည် ဖြစ်သည်။

comments

error: Content is protected !!