ဂျပန်သို့အလည်သွားရောက်ပြီးနောက် သဘောကျသည်ဟု ငုယင်ကောင်ဖန်းဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
use1
ဟောင်အန်းဂယ်လိုင်းတိုက်စစ်မှူး ငုယင်ကောင်ဖန်းအား ၂၀၁၅ ဂျေလိဂ် နာဘီစကိုဖလားဗိုလ်လုပွဲတွင်တွေ့ရစဉ်။

ဟောင်အန်းဂယ်လိုင်းတိုက်စစ်မှူး ငုယင်ကောင်ဖန်းသည် ဂျပန်နိုင်ငံသို့ အလည်သွားရောက်ပြီးနောက် သဘောကျနှစ်ခြိုက်မှုရှိကြောင်း Football Channel Asia အား သီးသန့်ပြောကြားခဲ့သည်။

ဗီယက်နမ်မက်ဆီဟု နာမည်ကြီးသော ထိုကစားသမားသည် ပြီးခဲ့သည့်တစ်ပတ်က ဂျပန်သို့ သွားရောက်လည်ပတ်ခဲ့ကာ ထိုခရီးစဉ်တွင် ၂၀၁၅ ဂျေလိဂ် နာဘီစကိုဖလားဗိုလ်လုပွဲနှင့် ၎င်းအား ၂၀၁၆ ခုနှစ်အတွက် စိတ်ဝင်စားနေသည့် မီတိုဟိုလီဟော့ခ်အသင်းကစားသည့် မိုင်ဂျီယာဆူဒါ ဂျေလိဂ် ၂ ပွဲစဉ်ကိုလည်း ကြည့်ရှုခဲ့သည်။

“ဂျပန်ကို ကျွန်တော်သဘောကျတယ်။ သူတို့မြို့တွေက သန့်ရှင်းတယ်။ လူတွေက ဖော်ရွေတယ်၊ စည်းကမ်းရှိတယ်၊ ယဉ်ကျေးတယ်”ဟု အသက် ၂၀ အရွယ် ထိုကစားသမားကဆိုသည်။

2

Photo:HAGL

“ဂျေလိဂ်ကလည်း စိတ်လှုပ်ရှားစရာကောင်းတယ်။ ပရိသတ်တွေ သီချင်းဆိုနေကြတာ ပွဲပြီးတဲ့အထိ မဆုံးဘူး။ ပွဲပြီးတော့ ကစားသမားတွေက ပရိသတ်တွေကို နှုတ်ဆက်ပြီးမှ အ၀တ်အစားလဲခန်းကို သွားကြတယ်။ ပရော်ဖက်ရှင်နယ်ပီသမှုနဲ့ စိတ်ခွန်အားတွေ ပြည့်နေတဲ့ အမှတ်ပေးပြိုင်ပွဲပါ”ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

ဗီယက်နမ် ယူ-၁၉ အသင်းခေါင်းဆောင်ဟောင်း ငုယင်ကောင်ဖန်းသည် ၂၀၁၄ ခုနှစ်က ဟောင်အန်းဂယ်လိုင်းအသင်းကြီးတွင် ပါဝင်ကစားခွင့်ရခဲ့ပြီးနောက် ဗီလိဂ်တွင် အတွေ့အကြုံ ၁ နှစ်ကျော်ပြီဖြစ်သည်။

“ဂျပန်ကလပ်တွေက စနစ်တကျတည်ထောင်ထားတာဖြစ်သလို အာရှမှာ အကောင်းဆုံးမဟုတ်ရင်တောင် အာရှအရှေ့ဖျားရဲ့ ရင်ခုန်စရာအကောင်းဆုံး ပွဲစဉ်တွေကို ယှဉ်ပြိုင်နေကြတယ်။ ဂျပန်နဲ့ ဗီယက်နမ်ကစားသမားတွေက လူကောင်ချင်းတူတယ်။ ဂျပန်မှာက အလျင်နှုန်းမြင့်မြင့်နဲ့ အနီးပေးကစားတယ်။ လွယ်သလိုထင်ရပေမယ့် အဲဒီလိုကစားရတာ မလွယ်ဘူး။ သူတို့ ကစားကွက်ချတာတွေက သိပ္ပံနည်းကျပြီး အသေးစိတ်တယ်”ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

3

Photo:HAGL

ကောင်ဖန်းမှာ ဂျေလိဂ် ၂ တွင် ၂၀၁၃ ခုနှစ် ဒုတိယရာသီဝက်က ကွန်ဆာဒိုလီဆက်ပါရိုနှင့်အတူ ခြေစွမ်းပြကာ ပရိသတ်အကြိုက်ကစားသမားဖြစ်ခဲ့သည့် လီကောင်ဗင်နောက်ပိုင်း ဒုတိယမြောက်ရောက်ရှိမည့် ဗီယက်နမ်ကစားသမားဟု ထင်ကြေးပေးခံထားရသည်။

“လီကောင်ဗင်က ကျွန်တော့်ကို ဂျပန်မှာ မြန်မြန်အသားကျအောင် အကြံတွေပေးထားတယ်။ အမှန်အတိုင်းပြောရရင် ဒီနေရာက ကမ္ဘာ့အကောင်းဆုံးနေရာတစ်ခုပဲ ကျွန်တော့်အတွက် လွယ်ကူပါလိမ့်မယ်။ ကျွန်တော်ပျော်တယ်။ ကစားသမားတစ်ယောက်အနေနဲ့ ဒီလိုအခွင့်အရေးရတာ ကံကောင်းလို့ပဲ။ ဒီတော့ ဖိအားဝင်တယ်လို့ မခံစားရဘူး။ ကံကောင်းတဲ့ကစားသမားအနေနဲ့ အဲဒီကိုသွားမယ် ကျွန်တော် ဘာလုပ်နိုင်သလဲဆိုတာ ပရိသတ်တွေကို ပြမယ်၊ သူတို့အသင်းကို အကောင်းဆုံးကူညီပေးမယ်”ဟုလည်း ဂျပန်သို့ရောက်ရှိမည်ဟု ယုံကြည်ထားသော ငုယင်ကောင်ဖန်းက ပြောကြားသွားသည်။

ထို့အပြင် ကောင်ဖန်းက ဟောင်အန်းဂယ်လိုင်းအသင်းဖော်များဖြစ်သည့် ငုယင်ထန်အန်း၊ လောင်ရှန်ထန်အန်း၊ ငုယင်ဗန်ထန်းတို့မှာလည်း ဂျပန်သို့ ပြောင်းရွှေ့ဖွယ်ရှိနေကြောင်း ပြောကြားခဲ့သည်။

4

Photo:HAGL

“သူတို့ကလည်း ဂျေလိဂ်မှာကစားနိုင်တဲ့ခြေစွမ်းတွေ ရှိတယ်။ သူတို့မှာ ကျွမ်းကျင်မှုနဲ့ စိတ်ဓာတ်ရှိတော့ ဂျေလိဂ်လို ပရော်ဖက်ရှင်နယ်ဆန်တဲ့ ပတ်ဝန်းကျင်မှာ အမြန်အဆန်အသားကျသွာားမှာပါ။ သူတို့က ဟောင်အန်းဂယ်လိုင်း အာဆင်နယ် JMG အကယ်ဒမီထွက် အကောင်းဆုံးကစားသမားတွေပါ”ဟု ၎င်း၏အမြင်အား ထုတ်ဖော်ခဲ့သည်။
Footballchannel.asia.com တွင်ဖော်ပြထားသည့်သတင်းအား ဆီလျော်အောင်ပြန်ဆိုဖော်ပြထားပါသည်။

comments

error: Content is protected !!