ပရီးမီယားလိဂ်လွှမ်းမိုးမှုကို ကျော်ဖြတ်ရန် လာလီဂါစီစဉ်နေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ပြီးခဲ့သည့်ရာသီကတွေ့ရသည့် လာလီဂါမှ ဘာစီလိုနာပရိသတ်များ

စပိန်လာလီဂါဘောလုံးအဖွဲ့ချုပ်သည် ပရီးမီးယားလိဂ်က စီးပွားရေးအရ လွှမ်းမိုးထားမှုကို ကျော်ဖြတ်နိုင်ရန် စီစဉ်နေကြောင်း သိရှိရသည်။

လာလီဂါမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားများဖြစ်သည့် ရော်နယ်ဒို၊ မက်ဆီတို့ ရှိနေပြီး ကမ္ဘာ့ထိပ်တန်းကလပ် ရီးရဲလ်နှင့် ဘာစီလိုနာတို့ ပါဝင်ကစားနေသော်လည်း တစ်ကမ္ဘာလုံးဆိုင်ရာ အမည်ကျော်ကြားမှုတွင် ပရီးမီးယားလိဂ်ကသာ လက်ဝါးကြီးအုပ်ထားမှုကို ကျော်ဖြတ်လိုနေခြင်းဖြစ်သည်။

လာလီဂါဥက္ကဌ ဟားဗီယားတီဗက်စ်က”ပရီးမီယားလိဂ်က နောက် ၅ နှစ်အတွင်း ဘောလုံးလောကရဲ့ NBA ဖြစ်သွားနိုင်ပြီး ကျန်တဲ့ဥရောပအမှတ်ပေးပြိုင်ပွဲတွေက ဒုတိယအဆင့်ဖြစ်သွားနိုင်တာကြောင့် အဲဒီလက်ဝါးကြီးအုပ်မှုကို မကျော်ဖြတ်နိုင်ရင် စပိန်ဘောလုံးလောကမှာ ပါရမီရှင်ဘောလုံးသမားတွေ ဆက်ကစားနိုင်တော့မှာ မဟုတ်ဘူး။ အဲဒါကြောင့် စီးပွားရေးအရ ပရီးမီးယားလိဂ်ကို ကျော်ဖြတ်နိုင်ဖို့အတွက် စီစဉ်နေပါပြီ”ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!