ချန်ပီယံလိဂ်သီချင်းကို လှောင်ပြောင်သည့် ပရိသတ်များဘက်မှ ကွန်ပနီရပ်တည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ပရိသတ်များဘက်မှ ရပ်တည်လိုက်သည့် မန်စီးတီးအသင်းခေါင်းဆောင် ကွန်ပနီ

မန်စီးတီးအသင်းခေါင်းဆောင် ကွန်ပနီက ချန်ပီယံလိဂ်သီချင်းအား ပရိသတ်များက လှောင်ပြောင်မှုအပေါ် ယူအီးအက်ဖ်အေက စုံစမ်းစစ်ဆေးနေသည့်အဖြစ်မှာ ရယ်စရာဖြစ်ကြောင်း ပြောကြားလိုက်သည်။

ဆီဗီလာနှင့်ကစားခဲ့သည့် ချန်ပီယံလိဂ်အိမ်ကွင်းပွဲတွင် မန်စီးတီးပရိသတ်များက ပြိုင်ပွဲသီချင်းအား လှောင်ပြောင်မှုအပေါ် စုံစမ်းစစ်ဆေးနေခြင်းအား ကွန်ပနီက”ချန်ပီယံလိဂ်သီချင်းက ဘာများမြင့်မြတ်မှုရှိနေလို့လဲ။ ဥရောပမှာ ပွဲအများကြီးကစားဖူးတယ်။ လူမျိုးရေးခွဲခြားခံခဲ့ရတာတွေ အများကြီးပဲ အမှန်တော့ အဲဒါကို ပိုပြီး အရေးတယူလုပ်ရမှာလေ။ ယူအီးအက်ဖ်အေက သူတို့လုပ်ချင်သလို လုပ်လို့ရတယ်။ ဒါပေမဲ့ နောက်ဆုံးကျရင် လုပ်တူတွေ သူတို့လုပ်သင့်တာကိုပဲ လုပ်ကြလိမ့်မယ်။ သူတို့ဒေါသကို ဒီလိုမှ မပြရင် ဘယ်လိုပြကြမှာလဲ။ ကျွန်တော်တို့ကို ပြစ်ဒဏ်ချရင်လည်း ပိုတောင် အာရုံစိုက်လာကြဦးမှာပဲ။ ကျွန်တော်တို့က မန်စီးတီးပရိသတ်ဘက်က ရှိတယ်”ဟု ပြောကြားခဲ့သည်။

မန်စီးတီးပရိသတ်များသည် ယမန်နှစ်က ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ကွင်းပိတ်ပြစ်ဒဏ်ကျထားသည့် CSKA ပွဲစဉ်တွင် ပရိသတ်များ ကွင်းတွင်းဝင်ရောက်မှုအား အရေးယူပေးရန် ယူအီးအက်ဖ်အေအား ဦးဆောင်ဆန္ဒပြခဲ့ဖူးသည်။

comments

error: Content is protected !!