အာစင်ဝင်းဂါး၏တပည့်ဟောင်း ဂါဒီအား အက်စ်တွန်ဗီလာအသင်းနည်းပြသစ်အဖြစ်ခန့်အပ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
LYON, FRANCE - APRIL 28: Remi Garde, coach of Lyon looks on during the Ligue 1 match between Olympique Lyonnais, OL, and AS Saint-Etienne, ASSE, at the Stade Gerland on April 28, 2013 in Lyon, France. (Photo by John Berry/Getty Images)
လိုင်ယွန်အသင်းတွင် တာဝန်ယူစဉ်က နည်းပြဂါဒီအားတွေ့ရစဉ်။

အက်စ်တွန်ဗီလာအသင်းသည် ယခင်လိုင်ယွန်နည်းပြဟောင်း ရီမီဂါဒီအား နည်းပြသစ်အဖြစ်ခန့်အပ်မည်ဖြစ်ကြောင်း ဘီဘီစီသတင်းဌာနကတနင်္လာနေ့ နံနက်ကဖော်ပြခဲ့သည်။

အသက်၄၉နှစ်အရွယ်ရှိပြင်သစ်လူမျိုးနည်းပြဂါဒီသည် အက်စ်တွန်ဗီလာနှင့် ၃နှစ်ခွဲရှိမည့်စာချုပ်တစ်ရပ်ချုပ်ဆိုမည်ဖြစ်ကာ ယနေ့ညတွင်ကစားမည့်စပါးနှင့်ပွဲစဉ်ကို တက်ရောက်ကြည့်ရှုလိမ့်မည်ဟု ယင်းသတင်းတစ်ရပ်တွင်ဖော်ပြခဲ့သည်။

ထို့အပြင်ယခင်ဘက်စတီယာနည်းပြရစ်ဂ်နဲလ် ရေးလ်သည် ဂါဒီ၏လက်ထောက်နည်းပြအဖြစ်ခန့်အပ်ခံရမည်ဖြစ်ကာ လာမည့်တစ်ပတ်တွင်ယှဉ်ပြိုင်ကစားမည့်မန်စီးတီးနှင့်ပွဲစဉ်တွင် စတင်ကြီးကြပ်မည်ဟုသိရသည်။

ဂါဒီသည် ၂၀၁၁ခုနှစ်မှ ၂၀၁၄ခုနှစ်အထိ လိုင်ယွန်အသင်းတွင်နည်းပြခဲ့ကာ အသင်းမှာအမှတ်ပေးဇယားတွင် စတုတ္ထ၊တတိယ၊ပဉ္ဓမနေရာတွင်ရပ်တည်နိုင်ရန်စွမ်းဆောင်ပေးခဲ့သည်။

ကစားသမားဘ၀တွင်ကွင်းလယ်နေရာ၌ကစားခဲ့သည့် ဂါဒီသည် အာဆင်နယ်အသင်းအား ၀င်းဂါးစတင်တာဝန်ယူစဉ်က ပထမဦးဆုံးခေါ်ယူစာချုပ်ခဲ့သည့်ကစားသမားလည်းဖြစ်ပြီး ပြင်သစ်လက်ရွေးစင်၆ကြိမ်ရွေးချယ်ခံခဲ့ရသူဖြစ်ကာ အသက်၃၃နှစ်အရွယ်တွင် ကစားသမားဘ၀မှ အနားယူခဲ့သူဖြစ်ကြောင်းသိရသည်။

၎င်းမှာ ၂၀၁၁ခုနှစ်တွင် လိုင်ယွန်နှင့် နည်းပြဘ၀စတင်ခဲ့သူဖြစ်ပြီး ဂါဒီနှင့်ပတ်သက်ပြီး မိမိအား အက်စတွန်ဗီလာအမှုဆောင်ချုပ် တွမ်ဖော့စ်မေးမြန်းခဲ့ကြောင်း အာဆင်ဝင်းဂါးက အတည်ပြုခဲ့သည်။

ဂါဒီသည် လိုင်ယွန်နှင့် စထရာဘော့အသင်းတို့တွင်ကစားခဲ့သူဖြစ်ကာ လိုင်ယွန်အသင်းတွင် ယခင်ဗီလာနည်းပြဟောင်းဟူလီယာ၏လက်အောက်တွင် လက်ထောက်နည်းပြအဖြစ်လုပ်ကိုင်ဖူးခဲ့သူဖြစ်သည်။

comments

error: Content is protected !!