ကာဇိုလာနှင့် အိုဇဲလ် အခွင့်အရေးဖန်တီးမှုမှာ မန်ယူတစ်သင်းစာနှင့်ညီမျှနေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
useCazorla-Ozil
အာဆင်နယ်အသင်း၏အဓိကကွင်းလယ်ဖန်တီးရှင်ကာဇိုလာနှင့် အိုဇဲလ်အားတွေ့ရစဉ်။

ပရီးမီးယားလိဂ်အသင်းများ၏ ဂိုးရရှိရန်အခွင့်အရေးဖန်တီးမှုနှင့်ပတ်သက်၍ အချက်အလက်ကောက်ယူရာတွင်အာဆင်နယ်ကွင်းလယ်ဖန်တီးရှင်များဖြစ်သော ကာဇိုလာနှင့် အိုဇဲလ်မှာ ပွဲစဉ် ၁၁ ပြီးဆုံးချိန်တွင် စုစုပေါင်း၈၁ ကြိမ်ဖန်တီးနိုင်ခဲ့ကြောင်းအင်္ဂလန်သတင်းစာ Independentကဖော်ပြခဲ့သည်။

အဆိုပါ အခွင့်အရေးဖန်တီးနိုင်မှုမှာ ယခုဘောလုံးရာသီ မန်ယူအသင်းကစားသမားအားလုံး ဖန်တီးနိုင်မှုပမာဏနှင့်တူညီနေကြောင်း ယင်းသတင်းစာကဖော်ပြထားခြင်းဖြစ်သည်။

အသင်းအားလုံး၏ အခွင့်အရေးဖန်တီးနိုင်မှုစစ်တမ်း၌ ပရီးမီးယားလိဂ်ထိပ်သီးမန်ယူအသင်းအောက်တွင်အမှတ်ပေးဇယားအောက်ဆုံးရောက်နေသော ဆန်းဒါးလန်း ၇၄ ကြိမ်နှင့် ဗီလာ ၈၀ ကြိမ်တို့သာ ရပ်တည်နေသောကြောင့်မန်ယူအသင်းမှာ တိုက်စစ်နှင့်ပတ်သက်၍ ဝေဖန်စရာဖြစ်လာနေသည်။

မန်ယူမှာ ယခုဘောလုံးရာသီတွင် ပြိုင်ပွဲစုံ၌ ဂိုးမရှိသရေရလဒ် ၃ ပွဲထွက်ပေါ်ခဲ့ပြီး နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ် ၁၁ ၌ ခရစ္စတယ်ပဲလေ့စ်အသင်းကို ဂိုးမရှိသရေကျခဲ့သောကြောင့် အမှတ်ပေးဇယားအဆင့် ၄ နေရာသို့ရောက်ရှိခဲ့သည်။

အဆိုပါပွဲနှင့်ပတ်သက်၍ နည်းပြဗန်ဟားလ်က ”အရေးတကြီးစဉ်းစားရတော့မယ့်ကိစ္စဖြစ်နေပါတယ်။ မစ်ဒယ်ဘရော့နဲ့ ပွဲပြီးကတည်းကအသေအချာပြင်ဆင်ထားဖို့ ကျွန်တော်ပြောထားပါတယ်။ ပဲလေ့စ်နဲ့ပွဲမှာ ကျွန်တော်တို့ ဖန်တီးမှုတွေ တော်တော်များများပြုလုပ်နိုင်ပေမယ့် အဆုံးမသတ်နိုင်ခဲ့ပါဘူး။
အခုအချိန်မှာ ဂိုးသွင်းယူဖို့ မဖန်တီးနိုင်ဘူးဆိုရင် ဒီထက်ပိုပြီး ခက်ခဲတဲ့နေ့ရက်တွေကြုံတွေ့ရလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!