နိုင်ပွဲပြန်လည်ရရှိနေခြင်းမှာ ကစားကွက်ပြောင်းလဲခဲ့ခြင်းကြောင့်ဟု အေစီမီလန်နည်းပြ ဖွင့်ဟ
|
စီးရီးအေပွဲစဉ် ၃ ပွဲဆက်တိုက်နိုင်ပွဲပြန်လည်ရရှိခဲ့သည့် အေစီမီလန်နည်းပြ မီဟိုင်းလိုဗစ်က ရလဒ်ကောင်းပြန်လည်ရရှိနေခဲ့ခြင်းမှာ ကံတရားအရတိုက်ဆိုင်မှုရှိ၍မဟုတ်ကြောင်း၊ ကစားကွက်အနေအထားအပြောင်းအလဲကြောင့် နောက်ဆုံး ၄ပွဲတွင် ရမှတ် ၁၀မှတ်ရရှိခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။
ရာသီအစပွဲစဉ်များတွင် ရလဒ်များဆိုးရွားခဲ့ခြင်းကြောင့် ဝေဖန်မှုများနှင့်ရင်ဆိုင်ခဲ့ရသည့် နည်းပြမီဟိုင်းလိုဗစ်သည် ရာထူးမှထုတ်ပယ်ခံရမည့်အခြေအနေများနှင့်ရင်ဆိုင်ခဲ့ရသည့်အပြင် အသင်းဥက္ကဋ္ဌ ဘာလူစကိုနီ၊ စီအီးအို ဂယ်လီယာနီတို့၏ သတိပေးခြင်းကိုပင်ခံခဲ့ရသော်လည်း လက်ရှိအချိန်တွင်
မူ ရလဒ်ကောင်းများပြန်လည်ရယူပေးနိုင်ခဲ့ပြီဖြစ်သည်။
“နိုင်ပွဲတွေပြန်လည်ရရှိခဲ့ခြင်းက ကံတရားအရ တိုက်ဆိုင်မှုတစ်ခုမဟုတ်ဘူးလို့ ဆိုချင်ပါတယ်။ အထူးသဖြင့် ကစားကွက်ပုံစံအချို့ပြောင်းလဲခဲ့တဲ့ အကျိုးရလဒ်က ၄ပွဲမှာ ၁၀ ရရှိခဲ့တဲ့အထိ ရလဒ်ကောင်းခဲ့တာပါ။ အတ္တလန္တာနဲ့ပွဲစဉ်မှာ ရလဒ်ကောင်းထပ်မံရရှိခဲ့မယ်ဆိုရင် ဥရောပ၀င်ခွင့်နေရာကို ပြန်လည်မျှော်လင့်နိုင်တော့မှာပါ” ဟု နည်းပြမီဟိုင်းလိုဗစ်က ဆိုခဲ့သည်။
အေစီမီလန်အသင်းသည် နောက်ဆုံးကစားခဲ့သည့် စီးရီးအေပွဲစသ် ၄ပွဲတွင် တိုရီနိုအသင်းနှင့် သရေကျခဲ့ပြီးနောက် ဆာဆူအိုလို၊ ချီယေဗို၊ လာဇီယို အသင်းများကို အနိုင်ရရှိခဲ့သည့်အတွက် ရမှတ် ၁၉မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၆နေရာအထိ ပြန်လည်တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။
Next : လီဗာပူးနောက်ခံလူ စကာတယ်အား ခြေထောက်ဖြင့် ကန်ကျောက်ခဲ့သော်လည်း ကော်စတာအရေးယူခံရခြင်းမှကင်းလွတ်