အေစီမီလန်နောက်ခံလူ အဲလက်စ်၏ဦးခေါင်းဒဏ်ရာ ပြင်းထန်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဒဏ်ရာရပြီးနောက် ထမ်းစင်ဖြင့်သယ်ဆောင်သွားရသော အဲလက်စ်

လာဇီယိုကို ၃-၁ ဖြင့်အနိုင်ရခဲ့သောပွဲစဉ်တွင် နောက်ခံလူ အဲလက်စ်မှာ ပြင်းထန်သည့် ဦးခေါင်းဒဏ်ရာရရှိခဲ့ကြောင်း အေစီမီလန်က အတည်ပြုခဲ့သည်။

ထိုနောက်ခံလူမှာ အသင်းဖော် ဂိုးသမားဒွန်နာအမ်မာ၏ ဒူးခေါင်းနှင့် ၎င်း၏ခေါင်းတိုက်မိပြီးနောက် သတိမေ့သွားခဲ့ခြင်းဖြစ်သည်။

ထိုကစားသမားမှာ ကွင်းမြက်ခင်းပြင်ပေါ်သို့ ပြန်မကျမီ သတိလစ်သွားခဲ့သဖြင့် ပြန်အကျ၌လည်း ထိခိုက်မှုပြင်းထန်ခဲ့သည်။

ဘရာဇီးကစားသမားအဲလက်စ်ကို ဆေးအဖွဲ့က သတိမေ့လျက်ဖြင့် ထမ်းစင်ပေါ်သို့တင်ကာ အ၀တ်လဲခန်းသို့ ခေါ်ဆောင်သွားခဲ့ရပြီး ထို့နောက် စမ်းသပ်စစ်ဆေးမှုများပြုလုပ်ရန် ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ရသည်။

မီလန်ရုပ်သံက အဲလက်စ်၏ခေါင်းဒဏ်ရာမှာ ပြင်းထန်ကြောင်းနှင့် အခြေအနေအတိအကျသိရှိနိုင်ရန် ဆေးရုံတင်ထားရမည်ဟု ဆိုကာ အေစီမီလန်အမှုဆောင်ချုပ် ဂယ်လီယာနီက အဲလက်စ်နှင့်အတူ ဆေးရုံသို့ လိုက်ပါသွားကြောင်း အတည်ပြုခဲ့သည်။

comments

error: Content is protected !!