လာမည့်ဇန်န၀ါရီ အပြောင်းအရွှေ့တွင် ဂါရတ်ဘေးလ်အား မန်ယူအသင်းခေါ်ယူဖွယ်ရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
usebale
ဂိုးသွင်းပြီးအောင်ပွဲခံနေသည့်ဂါရတ်ဘေးလ်။

မန်ယူအသင်းသည် လက်ရှိ ကြုံတွေ့နေရသည့် တိုက်စစ်ပြဿနာကို ဖြေရှင်းရန် ရီးရဲလ်မက်ဒရစ်အသင်းမှ ဝေးလ်တိုက်စစ်မှူး ဂါရတ်ဘေးလ် အား ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၉၀ အထိ အသုံးပြုရန် စီစဉ်နေကြောင်း sunday people သတင်းစာကဖော်ပြခဲ့သည်။

အသက် ၂၆ နှစ်အရွယ် ဂါရတ်ဘေးလ်မှာ လာမည့် အပြောင်းအရွှေ့တွင် မန်ယူ၏ နံပတ်တစ် ဦးစားပေး ပစ်မှတ်ဖြစ်နေပြီး မန်ယူနည်းပြ ဗန်ဂါးလ်နှင့် အသင်းဒုဥက္ကဋ္ဌအက်ဒ်ဝုဒ်ဝါ့ဒ် တို့က လည်း ယင်းကစားသမားအားခေါ်ယူနိုင်ရန် တစ်ကျော့ပြန်ဆွေးနွေးမှုများကိုပြုလုပ်ဖွယ်ရှိနေသည်။

သို့သော်လည်း မန်ယူအသင်းမှာ ဂါရတ်ဘေးလ်အားခေါ်ယူနိုင်ရန် ဂိုးသမား ဒေးဗစ်ဒီဂီယာနှင့် အလိုက်ပေးကမ်းလှမ်းမှုကိုမူပြုလုပ်ရန်ဆန္ဒမရှိကြောင်းသိရသည်။ဒီဂီယာမှာ ပြီးခဲ့သည့် စက်တင်ဘာလက ရီးရဲလ်သို့ ရောက်ရှိရန် အနီးစပ်ဆုံး အခြေနေရောက်ရှိခဲ့ပြီး အပြောင်းအရွှေ့နောက်ဆုံးနေ့ရက်ရောက်မှ ပျက်ပြယ်သွားခဲ့ကာ ယင်းနောက်တွင် မန်ယူအသင်းနှင့် တစ်ပတ်လုပ်ခ ပေါင် နှစ်သိန်းတန် စာချုပ်သစ်ရပ်ကိုချုပ်ဆိုခဲ့သည်။

မန်ယူအသင်းသည် ဘိုင်ယန်မြူးနစ် တိုက်စစ်မှူးများဖြစ်သည့် သောမတ်စ်မူလာနှင့် လီဝါဒေါစကီးတို့ကို ခေါ်ယူရန် ဆန္ဒရှိသော်လည်း ဂါရတ်ဘေးလ်မှာ ဦးစားပေးတစ် အဖြစ် ရှိနေဆဲဖြစ်ကြောင်း သိရသည်။

 

comments

error: Content is protected !!