မြန်မာ့လက်ရွေးစင်အသင်းနှင့် မြန်မာယူ-၂၁အသင်းတို့ခြေစမ်းပွဲ အခမဲ့ ကြည့်ရှုနိုင်မည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လေ့ကျင့်ရေးကွင်းတွင် မြင်တွေ့ရသည့် မြန်မာ့လက်ရွေးစင် ယူ-၂၁ အသင်း

အောက်တိုဘာ ၃၁။
အောင်သော်ဖြိုး

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင်အသင်း နှင့် ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲဝင်မည့်
မြန်မာယူ-၂၁အသင်းတို့ နိုဝင်ဘာ ၃ ရက်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ခြေစမ်းပွဲယှဉ်ပြိုင်မည်ဖြစ်ပြီး ပရိသတ်များ အခမဲ့ကြည့်ရှုခွင့်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာတာဝန်ခံ ဦးဇော်မင်းထိုက် ကဆိုသည်။

မြန်မာ့လက်ရွေးစင်အသင်းကို နည်းပြချုပ်အဖြစ် ဂတ်ဇီဆီဖရိုင်းဒရစ်ခ်ျ၊ လက်ထောက်နည်းပြအဖြစ် ဦးကြည်လွင်၊ အသင်းမန်နေဂျာအဖြစ် ဦးသန်းတိုးအောင်တို့က ဆောင်ရွက်မည်ဖြစ်ပြီး မြန်မာယူ-၂၁အသင်းကို နည်းပြချုပ်အဖြစ် အဲရစ်ဝီလျံ၊ လက်ထောက်နည်းပြအဖြစ် ဦးညီညီလတ်၊ အသင်းမန်နေဂျာအဖြစ် ဦးတင်မြင့်အောင်က ဆောင်ရွက်မည်ဖြစ်သည်

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ဂတ်ဇီဆီသည် ၎င်းယခင်က ကိုင်တွယ်ခဲ့သည့် မြန်မာ့လက်ရွေးစင် ယူ-၁၉ ကစားသမားများဖြင့် ဖွဲ့စည်းထားသည့် မြန်မာ့လက်ရွေးစင် ယူ-၂၁ အသင်းကို ပြန်လည်ရင်ဆိုင်ရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာ ၁၂ ရက်တွင် တောင်ကိုရီးယားအသင်းနှင့်ကစားရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်မီ မြန်မာ့လက်ရွေးစင် ယူ-၂၁ အသင်း၊ နိုဝင်ဘာလ ၅ ရက်နေ့တွင် ဟောင်ကောင်လက်ရွေးစင်အသင်းတို့နှင့် ခြေစမ်းကစားရန် စီစဉ်ထားပြီး မြန်မာ့လက်ရွေးစင် ယူ-၂၁အသင်းနှင့် ပွဲစဉ်သည် နည်းပြသစ်ဂတ်ဖရိုင်းဒရစ်ခ်ျ၏ လက်ရွေးစင်နည်းပြဘ၀ ပထမဆုံးပွဲစဉ် ဖြစ်လာမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ယူ-၂၁ အသင်းသည် မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရန်ကုန်ယူနိုက်တက်နှင့် ခြေစမ်းပွဲတွင် ရှုံးနိမ့်ခဲ့ပြီး ကစားသမားများ၏စွမ်းဆောင်ရည်ကို နည်းပြချုပ် အဲရစ်ဝီလျံက မေးခွန်းထုတ်ထားပြီး ဒုတိယမြောက်ခြေစမ်းပွဲအဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် ခြေစမ်းရန် စီစဉ်ခြင်းဖြစ်သည်။

comments

error: Content is protected !!