နေရှင်နယ်လိဂ်တွင် ရခိုင်ယူနိုက်တက် ဆက်လက်ကျန်ရှိခဲ့သည့် တန်းဆင်းဇုန်တိုက်ပွဲ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
တန်းဆင်းဇုန်မှလွတ်မြောက်ပြီးနောက် ရခိုင်ယူနိုက်တက်အသင်းအားတွေ့ရစဉ်

အောက်တိုဘာ ၃၁။
အောင်သော်ဖြိုး

၂၀၁၆ မြန်မာ နေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်ခွင့်ရရေးအတွက် နေပြည်တော်၊ မနောမြေ၊ ရခိုင်အသင်းတို့ အောက်တိုဘာလ ၃၁ ရက်နေ့ ညနေတွင် ၂၀၁၅ MNL ရာသီ နောက်ဆုံးပွဲစဉ်များကို ယှဉ်ပြိုင်ခဲ့ကြပြီး ရခိုင်အသင်းက ကမ္ဘောဇအသင်းကို ၃-၂ ဖြင့် အနိုင်ရခဲ့ကာ ၂၀၁၆ နေရှင်နယ်လိဂ်ရာသီတွင် ဆက်လက်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။

ရခိုင်အသင်းပွဲစဉ်နှင့် တစ်ပြိုင်နက် ယှဉ်ပြိုင်ခဲ့သည့် မနောမြေ-ရတနာပုံပွဲစဉ်တွင် ရတနာပုံအသင်းက ၃-၀ ဖြင့်လည်းကောင်း၊ နေပြည်တော်-ဟံသာဝတီပွဲစဉ်တွင် ဟံသာဝတီအသင်းက ၂-၁ ဖြင့်အနိုင်ရခဲ့သည့်အတွက် ရခိုင်အသင်း တန်းဆင်းရမည့်အခြေအနေမှ ရုန်းထွက်နိုင်ခဲ့ခြင်းဖြစ်သည်။

၂၀၁၅ နေရှင်နယ်လိဂ်ပွဲစဉ်များအပြီးတွင် ရန်ကုန်အသင်းက ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ပြီး နေပြည်တော်၊ မနောမြေအသင်းတို့ တန်းဆင်းခဲ့ရကာ လာမည့် နေရှင်နယ်လိဂ်ရာသီတွင် ဆောက်သမ်းမြန်မာနှင့် Horizon အသင်းတို့ တန်းတက်ကစားခွင့် ရရှိခဲ့သည်။

12193356_615700638568752_7610684217571419162_n

comments

error: Content is protected !!