နည်းပြရာထူးအတွက် ပူပန်မှုမရှိဟု မော်ရင်ညိုဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
2
လီဗာပူးနှင့်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲမှ မော်ရင်ညို

ချဲလ်ဆီးနည်းပြ မော်ရင်ညိုက ယခုရာသီတွင် အသင်းခြေစွမ်းကောင်းပြန်လည်ရရှိရန် ကြိုးစားနေသဖြင့် နည်းပြရာထူးအတွက် ပူပန်မှုမရှိကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

အမှတ်ပေးဇယား အဆင့် ၁၅ နေရာရောက်နေပြီး ယခုရာသီတွင် ၃ ပွဲသာ အနိုင်ရထားသည့် ပရီးမီးယားလိဂ်ချန်ပီယံနည်းပြက”ကျွန်တော့်ရာထူးအတွက် စိတ်မပူပါဘူး။ အနာဂတ်အတွက်လည်း မပူပင်ဘူး။ အဲဒီအကြောင်းကို တစ်ရက်မှာ တစ်စက္ကန့်တောင် မတွေးမိဘူး”ဟု လီဗာပူးနှင့်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့အပြင် မော်ရင်ညိုက မီဒီယာများအား”ခင်ဗျားတို့က ကျွန်တော့်ကို အခုလိုအနေအထားမှာ ဖိအားအရမ်းဝင်စေချင်နေသလိုပဲ။ ခင်ဗျားတို့ အဲဒီလိုလုပ်လို့ မရနိုင်ဘူး”ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

သို့သော် မော်ရင်ညိုက ချဲလ်ဆီးဘုတ်အဖွဲ့နှင့် အသင်းပိုင်ရှင်တို့က ၎င်း၏အနာဂတ်နှင့်ပတ်သက်ပြီး မည်သည့်အာမခံချက်ပေးထားသနည်းဆိုသည့် မေးခွန်းကို “ခင်ဗျားတို့ကို ပြောဖို့ မလိုပါဘူး”ဟူ၍ ပြန်လည်တုံ့ပြန်ခဲ့သည်။

comments

error: Content is protected !!