မန်စီးတီးမှ အဓိက ကစားသမားအများစု ယနေ့ညပွဲကို လွဲချော်မည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဒဏ်ရာကြောင့် အနားယူရမည့် ဇာဘလက်တာ

မန်စီးတီးအသင်းသည် အဝေးကွင်းတွင် နောဝစ်ခ်ျကို သွားရောက်ရင်ဆိုင်ရမည့် ယနေ့ည ပရီးမီးယားလိဂ်ပွဲစဉ်တွင် အဓိက ကစားသမားများဖြစ်သည့် အဂူရို၊ ဒေးဗစ်ဆေးလ်ဗား၊ နာဆရီ၊ ကလစ်ချီနှင့် ဖေဘီယန်ဒပ်ဖ်တို့ကို ဒဏ်ရာပြဿနာများကြောင့် လက်လွှတ်ရမည်ဖြစ်သည်။

အဂူရိုမှာ တံကောက်ကြောဒဏ်ရာကြောင့် ဆက်လက်အနားယူရမည်ဖြစ်ပြီး ဒေးဗစ်ဆေးလ်ဗားမှာ ခြေကျင်းဝတ်ဒဏ်ရာ၊ နာဆရီမှာ တံကောက်ကြောဒဏ်ရာ၊ ကလစ်ချီမှာ ခြေကျင်းဝတ်နှင့် ဖေဘီယန်ဒပ်ဖ်က တံကောက်ကြောဒဏ်ရာများကြောင့် အနားယူနေရသည်။

ထို့အပြင် ဇာဘလက်တာမှာလည်း ခရစ္စတယ်ပဲလေ့ကို ၅-၁ ဖြင့် အနိုင်ရခဲ့သည့် Capital One ဖလားပွဲစဉ်တွင် ဒူးဒဏ်ရာရခဲ့သဖြင့် လာမည့်လလယ်အထိ အနားယူရဖွယ်ရှိနေသည်။

ဇာဘလက်တာ၏ ဒဏ်ရာပြဿနာနှင့်ပတ်သက်ပြီး မန်စီးတီးနည်းပြ ပယ်လီဂရီနီက”ရာသီအစောပိုင်းက သူကြုံခဲ့ရတဲ့ ဒဏ်ရာပြဿနာလောက် မဆိုးပါဘူး။ သိပ်မကြာခင် နိုင်ငံတကာပွဲစဉ်သီတင်းပတ် လာတော့မှာဖြစ်လို့ အဲဒီကာလပြီးရင် ဇာဘလက်တာ ပြန်ကစားနိုင်မယ် ထင်ပါတယ်”ဟု ဆိုသည်။

comments

error: Content is protected !!