ဂျာနယ်လစ်နှင့် ဒိုင်မဟုတ်သူများအတွက် မော်ရင်ညိုမှာ လူကောင်းဟု ကလော့ပ်ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
1
လေ့ကျင့်ရေးကွင်းတွင်တွေ့ရသည့် ယာဂင်ကလော့ပ်

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ချဲလ်ဆီးနည်းပြမော်ရင်ညိုမှာ ဒိုင်လူကြီးနှင့် ဂျာနယ်လစ်မဟုတ်သူများအတွက် လူကောင်းတစ်ယောက်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

ယနေ့ညတွင် ထိပ်တိုက်ရင်ဆိုင်ရမည့် ပြိုင်ဘက်နည်းပြနှင့်ပတ်သက်ပြီး ကလော့ပ်က မော်ရင်ညိုမှာ ယခုရာသီတွင် ဒိုင်လူကြီးများကို ဝေဖန်မှုအတွက် ၂ ကြိမ် စွဲချက်တင်ခံရသော်လည်း ထိုအဖြစ်အပျက်များမှာ ၎င်း၏ စရိုက်အမှန်မဟုတ်ကြောင်း သုံးသပ်ခဲ့သည်။

“သူ့အလုပ်ကို ကျွန်တော်အပြည့်အ၀လေးစားတယ်။ သူက ဂျာနယ်လစ်မဟုတ်သူ၊ ဒိုင်မဟုတ်သူတွေအတွက် လူကောင်းတစ်ယောက်ပဲ။ ကျွန်တော်က အဲဒီ ၂ မျိုးလုံးမှာ မပါတော့ သူနဲ့ စကားကောင်းကောင်းပြောလို့ ရတယ်”ဟု ကလော့ပ်က ဖွင့်ဟခဲ့သည်။

ကလော့ပ်နှင့် မော်ရင်ညိုတို့သည် ၂၀၁၂-၁၃ ဘောလုံးရာသီက ဒေါ့မွန်၊ ရီးရဲလ်နည်းပြများအဖြစ် ချန်ပီယံလိဂ်တွင် ၄ ကြိမ် ဆုံတွေ့ခဲ့ဖူးပြီး ခင်မင်ခဲ့ကြသူများဖြစ်ကာ ကလော့ပ်၏ ပြောကြားချက်အရ ဂျာမနီတွင် ၎င်းရှိစဉ်က မော်ရင်ညိုနှင့် မက်ဆေ့ခ်ျအဆက်အသွယ်ရှိခဲ့သည်ဟု သိရှိရသည်။

comments

error: Content is protected !!