ရိုးမားနှင့်ပွဲတွင် အင်တာတိုက်စစ်မှူးအိုင်ကာဒီ ချန်လှပ်ခံရဖွယ်ရှိနေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
နည်းပြကိုစောဒကတက်မှုကြောင့် ချန်လှပ်ခံရဖွယ်ရှိနေသည့် အိုင်ကာဒီ

အင်တာမီလန်လူငယ်တိုက်စစ်မှူး အိုင်ကာဒီသည် ရိုးမားနှင့်ကစားမည့် ယနေ့ညပွဲစဉ်တွင် ပွဲထွက်လူစာရင်းမှ ချန်လှပ်ခံရဖွယ်ရှိနေကြောင်း သိရှိရသည်။

လက်ရှိအချိန်တွင် ဘိုလော့ဂ်နာကိုအနိုင်ရခဲ့သောပွဲက အနီကတ်ပြခံရသည့်အတွက် ပါဝင်ကစားနိုင်မည်မဟုတ်သော်လည်း အင်တာမီလန်နည်းပြ မန်စီနီအတွက် စိတ်ကြိုက်လူရွေးချယ်ရန် ကစားသမားအားလုံး ဒဏ်ရာကင်းစင်နေသည်။

အိုင်ကာဒီမှာ ပွဲအနည်းငယ်သာ ကစားခွင့်ရထားသည့်အပေါ် စောဒကတက်ခဲ့သည့်အတွက် မန်စီနီက ၎င်းအား ချန်လှပ်ဖွယ်ရှိနေကြောင်း သတင်းထွက်ပေါ်လာခြင်းဖြစ်ပြီး ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင်လည်း မန်စီနီက”သူ့ဆီက သွင်းဂိုးတွေ လိုချင်တယ်။ ဆင်ခြေတွေ မလိုချင်ဘူး”ဟု တုံ့ပြန်ခဲ့ကြောင်း သိရသည်။

အီတလီသတင်းများအရ မန်စီတီသည် အိုင်ကာဒီကို အနားပေးကာ ဂျိုဗီတစ်၊ အိုင်ဗန်ပီရီဆစ်နှင့် ရိုးမားကစားသမားဟောင်း အဒမ်ဂျာဂျစ်တို့ကို ပွဲထုတ်ဖွယ်ရှိနေသည်။

ရိုးမားအသင်းမှာမူ ကွင်းလယ်လူ ဒီရော့စီမှာ ပွဲပယ်နှင့် ဒဏ်ရာပြဿနာကင်းစင်သွားပြီဖြစ်ကာ ကြံ့ခိုင်မှုအခြေအနေကိုသာ စောင့်ကြည့်ရမည်ဖြစ်သည့်အပြင် မိုဟာမက်ဆာလာမှာလည်း ပွဲပယ်ပြစ်ဒဏ်လွတ်မြောက်သွားပြီဖြစ်သည်။

comments

error: Content is protected !!