ဘိုင်ယန်မြူးနစ်၏ နိုင်ပွဲဆက်စံချိန်ကို ဖရန့်ဖတ်အဆုံးသတ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဂိုးသွင်းခဲ့သော်လည်း လူကျွံဘောအဖြစ် သတ်မှတ်ခံခဲ့ရသည့် လီဝမ်ဒေါစကီး

ယခုဘောလုံးရာသီတွင် ဘွန်ဒက်စ်လီဂါ၌ ရာနှုန်းပြည့်နိုင်ပွဲရထားသည့် ဘိုင်ယန်မြူးနစ်မှာ ပွဲစဉ် ၁၁ အဖြစ်ကစားခဲ့သော ဖရန့်ဖတ်နှင့်ပွဲစဉ်တွင် ဂိုးမရှိသရေကျခဲ့သောကြောင့် နိုင်ပွဲဆက်စံချိန် ကျိုးပျက်သွားခဲ့ပြီဖြစ်သည်။

ထိုပွဲစဉ်တွင် ဘွန်ဒက်စ်လီဂါဂိုးသွင်းဘုရင်စာရင်းတွင် ၁၃ ဂိုးဖြင့် ထိပ်ဆုံး၌ ပူးတွဲရပ်တည်နေသည့် လီဝမ်ဒေါစကီးမှာ ၈၉ မိနစ်တွင် ဂိုးပေါက်ရှာတွေ့ခဲ့သော်လည်း လူကျွံအနေအထားမှ သွင်းယူခဲ့သည်ဟု သတ်မှတ်ခံခဲ့ရသည်။

ထို့အပြင် ဗီဒယ်လ်၏ခေါင်းတိုက်ချက်ကိုလည်း ဖရန့်ဖတ်ဂိုးသမား ကာကွယ်သွားနိုင်သဖြင့် ၂ မှတ်ဆုံးရှုံးခဲ့ရကာ ဒုတိယနေရာမှ တစ်ပွဲလျော့နေသော ဒေါ့မွန်ကို ၈ မှတ်အသာဖြင့် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေသည်။

ပြီးခဲ့သည့် မေလလယ်ပိုင်းမှစပြီး ဖရန့်ဖတ်နှင့်ပွဲစဉ်မတိုင်မီအထိ အမှတ်လျော့ခဲ့ခြင်းမရှိသည့် ဘိုင်ယန်မြူးနစ်မှာ ယခုတစ်ပတ်ကြားရက်တွင် အာဆင်နယ်နှင့် ချန်ပီယံလိဂ်အိမ်ကွင်းပွဲ နွှဲရမည်ဖြစ်သည်။

comments

error: Content is protected !!