ဒီပေးနှင့် ဂျိမ်းစ်ဝီလ်ဆင်တို့ မန်ယူတွင် ပါဝင်နိုင်မည်မဟုတ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
မစ်ဒယ်ဘရော့နှင့်ပွဲစဉ်က ဒီပေးထိုးဖောက်နေစဉ်

မန်ယူတိုက်စစ်ကစားသမားများဖြစ်သော ဒီပေးနှင့် ဂျိမ်းစ်ဝီလ်ဆင်တို့မှာ မစ်ဒယ်ဘရော့နှင့်ကစားခဲ့သည့် Capital One ဖလားပွဲတွင် ဒဏ်ရာများရရှိခဲ့သည့်အတွက် ခရစ္စတယ်ပဲလေ့စ်နှင့် ယနေ့ညပွဲတွင် ပါဝင်နိုင်မည်မဟုတ်ကြောင်း သိရှိရသည်။

ထိုကစားသမား ၂ ဦးမှာ မစ်ဒယ်ဘရော့နှင့်ပွဲတွင် ပါဝင်ခဲ့သော်လည်း ၀ီလ်ဆင်မှာ ဒဏ်ရာကြောင့် ပထမပိုင်းအပြီးတွင် ရွန်နီနှင့် လူစားလဲခဲ့ရပြီး ဒီပေးမှာလည်း ဒုတိယပိုင်းတွင် လူစားလဲခဲ့ရသည်။

ထို့ကြောင့် ဒဏ်ရာရဗလင်စီယာနှင့်အတူ ထိုကစားသမား ၂ ဦး အနားယူရတော့မည်ဖြစ်၍ ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲတွင် မန်ယူတိုက်စစ်၌ ရွန်နီနှင့် မာရှယ်တို့ ပွဲထွက်ကစားသမားများအဖြစ် ကစားဖွယ်ရှိနေကြောင်း သိရသည်။

comments

error: Content is protected !!