နာဗက်စ်၊ ဘန်ဇီမာ၊ ရာမို့စ်တို့အား ဘင်နီတက်ဇ်အနားပေးမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လက်စ်ပါးမက်စ်နှင့်ပွဲတွင် အနားပေးခံရမည့် ရာမို့စ်၊ ဘန်ဇီမာ

ရီးရဲလ်နည်းပြ ဘင်နီတက်ဇ်သည် လက်စ်ပါးမက်စ်အသင်းနှင့် ပွဲစဉ်အတွက် လူစာရင်းရွေးချယ်ခဲ့ရာတွင် ဒဏ်ရာပြဿနာများရှိနေသည့် ပွဲထွက်ကစားသမားအများစုအား ချန်လှပ်ထားခဲ့ပြီး ကြံခိုင်မှုပြည့်ဝရန် ရုန်းကန်နေရသည့် နာဗက်စ်၊ ရာမို့စ်၊ ဘန်ဇီမာ၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့အား အနားပေးထားခဲ့သည်။

ယင်းအတွက်ကြောင့် အဓိကပွဲထွက်ဂိုးသမားဖြစ်သူ နာဗက်စ်သည် ယခုနှစ်ရာသီအတွင်း ပွဲထွက်ကစားခွင့် ပထမဆုံး ဆုံးရှုံးတော့မည်ဖြစ်ပြီး ဘန်ဇီမာ၊ ရာမို့စ်၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့မှာ ဒဏ်ရာများမှ ပြန်လည်သက်သာလာပြီး ကြံ့ခိုင်မှုအပြည့်ရရန် ရုန်းကန်နေရသည့်အတွက် ယခုကဲ့သို့ အနားပေးခဲ့ခြင်းဖြစ်သည်။

နည်းပြဘင်တီနက်ဇ်သည် လက်စ်ပါးမက်စ်နှင့်ပွဲစဉ်အတွက် လူစာရင်းထုတ်ပြန်မှုနှင့် ပတ်သက်၍  တစ်စုံတစ်ရာမှတ်ချက်ပြုပြောကြားခဲ့ခြင်းမရှိသော်လည်း စပိန်မီဒီယာများ၏ ဖော်ပြချက်တွင်မူ ဒဏ်ရာမှပြန်လည်သက်သာလာသည့် နောက်ခံလူ ပီပီကိုမူ အရန်ကစားသမားအဖြစ် ထည့်သွင်းအသုံးပြုဖွယ်ရှိနေကြောင်း သိရသည်။

comments

error: Content is protected !!