ဆွမ်ဆီးနှင့်ပွဲအတွက် ညာတောင်ပံကစားသမားမရှိမှု အာဆင်နယ် ခေါင်းခဲနေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အာဆင်နယ်ပွဲထွက်လူစာရင်းတွင် ပါဝင်လာဖွယ်ရှိသည့် ဂျိုးကမ်းဘဲလ်

အာဆင်နယ်အသင်းသည် ယနေ့ညကစားမည့် ဆွမ်ဆီးနှင့်ပွဲတွင် ညာတောင်ပံတွင်ကစားနိုင်သည့် ဘောလုံးသမားမရှိမှု ပြဿနာနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။

အာဆင်နယ်မှာ ရှက်ဖီးလ်ဝက်စ်ဒေးနှင့်ကစားခဲ့သည့် Capital One ဖလားပွဲစဉ်တွင် အရေးနိမ့်ခဲ့သည့်အပြင် အဓိက ကစားသမားများဖြစ်သည့် ချိန်ဘာလင်နှင့် ၀ဲလ်ကော့တို့ ဒဏ်ရာရရှိသွားခဲ့သည်။

ထို့အပြင် ရမ်ဆေးမှာလည်း ဘိုင်ယန်မြူးနစ်ကို အနိုင်ရခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်၌ တံကောက်ကြောဒဏ်ရာရခဲ့သဖြင့် အသင်းညာတောင်ပံတွင် အသုံးပြုနိုင်မည့် ကစားသမားရှားပါးမှုအတွက် ခေါင်းခဲနေရခြင်းဖြစ်သည်။

ဆွမ်ဆီးနှင့်ပွဲအတွက် အသင်းညာတောင်ပံတွင် မည်သည့်ကစားသမားကို အသုံးပြုမည်ဆိုသည်နှင့်ပတ်သက်ပြီး အာစင်ဝင်းဂါးက”ဂျိုးကမ်းဘဲလ်နဲ့ အိုင်ဝိုဘီတို့တော့ ရှီပါတယ်။ ကာဇိုလာက အဲဒီနေရာမှာ ကစားနိုင်ပေမယ့် သူ့ကို ဗဟိုကွင်းလယ်မှာ ကစားခိုင်းတာ ပိုကောင်းတယ်။ ဗဟိုကွင်းလယ်မှာ သူကစားရင် ဘောလုံးပိုင်ဆိုင်မှု ပိုရတယ်”ဟု ဆိုသည်။

အာဆင်နယ်ညာတောင်ပံတွင် ထည့်သွင်းကစားဖွယ်ရှိသည့် ဂျိုးကမ်းဘဲလ်မှာ ယခုရာသီတွင် ပထမအသင်းအတွက် ၁၈၅ မိနစ်သာ ကစားပေးထားကာ အများစုမှာ Capital One ဖလားပွဲစဉ်များတွင်ဖြစ်ပြီး အိုင်ဝိုဘီမှာမူ ရှက်ဖီးလ်ဝက်စ်ဒေးနှင့်ပွဲစဉ်ကမှ ယခုရာသီအတွက် ပွဲထွက်ကစားခွင့်ရခဲ့ခြင်းဖြစ်သည်။

comments

error: Content is protected !!