ပေါလ်စခိုးလ်၏ ဝေဖန်မှုမှာ မိမိကို မနာကျင်စေဟု ဗန်ဟားလ်ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ယနေ့သတင်းစာရှင်းလင်းပွဲမှ ဗန်ဟားလ်

မန်ယူနည်းပြဗန်ဟားလ်က ကစားသမားဟောင်းပေါလ်စခိုးလ်မှ အသင်းကစားပုံနှင့်ပတ်သက်၍ ဝေဖန်မှုသည် ၎င်းအတွက် ထိခိုက်နာကျင်မှုမရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

မန်ယူအတွက် ပွဲပေါင်း ၇၁၈ ပွဲကစားပေးခဲ့သူ အဆိုပါကွင်းလယ်လူက ဗန်ဟားလ်လက်အောက်တွင် ကစားရမည်ဆိုပါက ပျော်ရွှင်မည်မဟုတ်ကြောင်းနှင့် အသင်းဗျူဟာမှာ စွန့်စားမှု၊ ဖန်တီးမှုမရှိကြောင်း Capital One ဖလားပွဲစဉ်နှင့်ပတ်သက်၍ မှတ်ချက်ပြုဝေဖန်ခဲ့ခြင်းဖြစ်သည်။

ပေါလ်စခိုးလ်၏ ဝေဖန်မှုနှင့်ပတ်သက်၍ နည်းပြဗန်ဟားလ်က ”ဒီဝေဖန်မှုကို ပေါလ်စခိုးလ်တာဝန်ယူမှာမဟုတ်ဘူး။ သူဒီလိုပြောလိုက်လို့ အသင်းအတွက်ကောင်းကျိုးဖြစ်မလား။ ဒါမှမဟုတ် သူ့အတွက် ကောင်းကျိုးဖြစ်မလား။ တုတ်တွေ ခဲတွေကသာ ကျွန်တော့်အရိုးတွေကို ကျိုးစေနိုင်တာပါ။ မှတ်ချက်တွေက ကျွန်တော့်ကို နာကျင်အောင် မလုပ်နိုင်ဘူး” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!