ကွင်းလယ်ဒိုင်ကို ထရက်ဇွန်စပါးအသင်း ဖမ်းဆီးထိန်းသိမ်းထားခဲ့

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဒိုင်အဖွဲ့အား ဖမ်းဆီးထိန်းသိမ်းစေခဲ့သည့် ထရက်ဇွန်စပါးဥက္ကဋ္ဌ

တူရကီကလပ် ထရက်ဇွန်စပါးအသင်းသည် အငြင်းပွားဖွယ်နောက်ကျပင်နယ်တီအား ခွင့်မပြုခဲ့သည့် ကွင်းလယ်ဒိုင်ကို ကွင်းအတွင်း ဖမ်းဆီးထားခဲ့ကြောင်း သိရှိရသည်။

ကွင်းလယ်ဒိုင် ကာဂါတေဆာဟင်နှင့် စည်းကြပ်ဒိုင်များသည် ထရက်ဇွန်စပါးအသင်း ဥက္ကဋ္ဌ အီဘရာဟင်ဟာစီယိုမန်နိုဂလူ၏ အမိန့်ဖြင့် ထရက်ဇွန်စပါးအိမ်ကွင်းတွင် ဖမ်းဆီးခံခဲ့ရသည်မှာ ဂါဇီယန်တီစပါးနှင့် ၂-၂ သရေကျခဲ့သည့်ပွဲ၌ အိမ်ရှင်ထရက်ဇွန်စပါးကို ပင်နယ်တီမပေးခဲ့သည့်အတွက်ဖြစ်သည်။

ထရက်ဇွန်စပါးဥက္ကဋ္ဌက ဒိုင်လူကြီးများအား လွှတ်ပေးရန် တူရကီသမ္မတ အာဒိုဂန်က ဖုန်းဆက်ညွှန်ကြားသဖြင့်သာ ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုဖြစ်ရပ်နှင့် ပတ်သက်ပြီး တူရကီဘောလုံးအဖွဲ့ချုပ်က စုံစမ်းစစ်ဆေးလျက်ရှိကာ ကွင်းလယ်ဒိုင်ဆာဟင်၏ ပင်နယ်တီမပေးသော ဆုံးဖြတ်ချက်ကြောင့် ဒေါသထွက်နေသည့် အိမ်ရှင်ပရိသတ်များမှာလည်း ကွင်းအတွင်းစုရုံးခဲ့ကြကြောင်း ဘီဘီစီက ဖော်ပြခဲ့သည်။

comments

error: Content is protected !!