TIME မဂ္ဂဇင်း၏ အရှိန်အ၀ါအရှိဆုံး ဆယ်ကျော်သက်စာရင်းတွင် ရီးရဲလ်လူငယ် အိုဒီဂတ်ပါဝင်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
နော်ဝေ ယူ-၂၁ အသင်းပွဲစဉ်တွင်တွေ့ရသည့် အိုဒီဂတ်

နော်ဝေလက်ရွေးစင်အသင်းနှင့် ယူရို ၂၀၁၆ ခြေစစ်ပွဲစဉ်များတွင် ခြေစွမ်းပြကစားနိုင်ခဲ့သည့် ရီးရဲလ်လူငယ်ကွင်းလယ်ကစားသမား အိုဒီဂတ်သည်TIME မဂ္ဂဇင်းမှ ထုတ်ပြန်သည့် အရှိန်အ၀ါအရှိဆုံး ဆယ်ကျော်သက်စာရင်းတွင် ရွေးချယ်ဖော်ပြခံခဲ့ရသည်။

လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်သည့် ရော်နယ်ဒို၊ မက်ဆီတို့နှင့် နှိုင်းယှဉ်ခြင်းခံထားရသည့် အိုဒီဂတ်သည် ပြီးခဲ့သည့်နှစ် ဇန်န၀ါရီလက ရီးရဲလ်အသင်းနှင့် ပေါင် ၄ သန်းတန် စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီး လူမှုကွန်ရက်များတွင်လည်း ပရိသတ်များစွာ၏ အားပေးမှု ရရှိခဲ့သူဖြစ်သည်။

“ထိပ်တန်းကစားသမားတွေနဲ့ နှိုင်းယှဉ်ဖို့အတွက် အချိန်စောလွန်းပါသေးတယ်။ ပရိသတ်တွေရဲ့ အားပေးမှုနဲ့အတူ အကောင်းဆုံးကစားသမားတစ်ယောက်အဖြစ် ရပ်တည်နိုင်ဖို့ ကြိုးစားရဦးမှာပါ” ဟု အိုဒီဂတ်က ဆိုသည်။

TIME မဂ္ဂဇင်းမှ ထုတ်ပြန်သည့် အရှိန်အ၀ါအရှိဆုံး ဆယ်ကျော်သက် ၃၀ ဦး စာရင်းတွင် ပါဝင်ခဲ့သည့် အိုဒီဂတ်သည် အမေရိကန်ရေကူးမယ် ကေတီလီဒက်စကီ၊ နယူးဇီလန် ဂေါ့ဖ်အားကစားမယ် လီဒီယာကို၊ အမေရိကန် နှင်းလျှောစီးမယ် ကင်ချို၊ အမေရိကန်တောင်တက်အားကစားမယ် ရှီရိုင်ရှီတို့နှင့်အတူ အားကစားလောကမှ ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

comments

error: Content is protected !!