စိန်ခေါ်မှုများနှင့်ရင်ဆိုင်ရန် အသင့်ဖြစ်နေကြောင်း ဆီမြွန်နီကြုံးဝါး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
2
လာလီဂါဖလား တစ်ကျော့ပြန်ရယူနိုင်ရန်အသင့်ဟု ကြုံးဝါးလိုက်သည့် ဆီမြွန်နီ

အက်သလက်တီကိုနည်းပြ ဒီယေဂိုဆီမြွန်နီက စောင့်ကြည့်ရမည့် မျက်နှာသစ်လူငယ်ကစားသမားများဖြင့် လာလီဂါချန်ပီယံဆုသိမ်းပိုက်ရန် စိန်ခေါ်နိုင်စွမ်းရှိကြောင်း ပြောကြားခဲ့သည်။

ယခုနှစ်နွေရာသီတွင် အက်သလက်တီကိုမှာ အားထားရသောကစားသမားများဖြစ်သည့် အာဒါတူရန်နှင့် မန်ဇူကစ်တို့ ထွက်ခွာသွားသော်လည်း လူငယ်ကစားသမားများဖြင့် ဟန်ချက်တည်ငြိမ်ရန် ကြိုးပမ်းနိုင်ခဲ့ပြီးနောက် ပုံမှန်ခြေစွမ်းပြန်လည်ရရှိလာခဲ့သည်။

နည်းပြဆီမြွန်နီက ”ချန်ပီယံဆုရခဲ့ပြီးတော့ ကျွန်တော်တို့အတွက် အရမ်းခက်ခဲတဲ့နှစ်ဖြစ်ခဲ့ပါတယ်။ အရမ်းကို ခက်ခဲခဲ့တာပါ။ ပြင်းထန်တဲ့ကြိုးပမ်းမှုတွေနဲ့ အကောင်းဆုံးဖြေရှင်းနိုင်ခဲ့ပြီးနောက်မှာတော့ ခြေစွမ်းကောင်း ပြန်ပြနိုင်ခဲ့ပါတယ်။ အခု ကျွန်တော်တို့မှာ ခြေစွမ်းကောင်းတဲ့လူငယ်ကစားသမားတွေပိုင်ဆိုင်နိုင်ခဲ့ပါပြီ။ အကုန်လုံးတော့မဆိုလိုပါဘူး။ ကျွန်တော်တို့အားလုံး နောက်တစ်ကြိမ်စိန်ခေါ်ဖို့ အသင့်ဖြစ်နေသလို ကျွန်တော်တို့ ဘာအောင်မြင်ခဲ့လဲဆိုတာကိုပြဖို့ အရေးကြီးတဲ့တာဝန်ရှိနေပါတယ်” ဟု ပြောကြားခဲ့သည်။

အက်သလက်တီကိုမှာ ဒီပို့တီဗိုနှင့်မယှဉ်ပြိုင်မီအချိန်တွင် လာလီဂါအမှတ်ပေးဇယားဦးဆောင်သူ ရီးရဲလ်၊ ဘာစီလိုနာတို့၏နောက် ၂ မှတ်အကွာ တတိယနေရာတွင် ရပ်တည်နေသည်။

comments

error: Content is protected !!