ချဲလ်ဆီးနှင့် ရာမီရက်စ် ၄ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ချဲလ်ဆီးနှင့် ၂၀၁၉ ခုနှစ်အထိ ဆက်ရှိနေမည့် ရာမီရက်စ်

ကွင်းလယ်လူရာမီရက်စ်သည် ချဲလ်ဆီးအသင်းနှင့် ၂၀၁၉ ခုနှစ်အထိရှိနေမည့် ၄ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရှိရသည်။

အသက် ၂၈ နှစ်ရှိအဆိုပါကွင်းလယ်လူသည် ၂၀၁၀ ခုနှစ်တွင် ဘင်ဖီကာအသင်းမှ ချဲလ်ဆီးသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ၂၄၁ ပွဲ ပါဝင်ကစားပေးထားခဲ့သည်။

ရာမီရက်စ်မှာ ချဲလ်ဆီးတွင် ကစားနေစဉ်ကာလအတွင်း ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ အက်ဖ်အေနှင့် Capital One ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့သည်။

ယခုသက်တမ်းတိုးစာချုပ်နှင့်ပတ်သက်၍ ရာမီရက်စ်က ”ချဲလ်ဆီးနဲ့ဖြတ်သန်းခဲ့တဲ့ ၅ နှစ်တာကာလမှာ အဓိကဆုဖလားတွေ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ လာမယ့် ၄ နှစ်မှာလည်း အောင်မြင်မှုတွေနဲ့အတူ ဆုဖလားများစွာ ရယူနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!