ဗန်ဟားလ်လက်အောက်တွင် မကစားလိုဟု ပေါလ်စခိုးလ်ဝေဖန်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဗန်ဟားလ်လက်အောက်တွင် မကစားလိုဟု ဝေဖန်ခဲ့သူ ဂန္ထ၀င်ကစားသမား ပေါလ်စခိုးလ်

မန်ယူကစားသမားဟောင်း ပေါလ်စခိုးလ်က လက်ရှိမန်ယူနည်းပြ ဗန်ဟားလ်၏လက်အောက်တွင် ကစားရပါက ပျော်ရွှင်မည်မဟုတ်ဟု ထုတ်ဖော်ပြောကြားလိုက်သည်။

မစ်ဒယ်ဘရော့နှင့် မိနစ် ၁၂၀ သရေကျပြီး ပင်နယ်တီဖြင့် အရေးနိမ့်ခဲ့သည့် မန်ယူ၏ခြေစွမ်းအပေါ် ပေါလ်စခိုးလ်က ခံစစ်ပိုင်းတွင် နည်းပြ၏ဗျူဟာ ပြောင်မြောက်သော်လည်း အသင်းကစားဟန်အား စိတ်ပျက်မိကြောင်း ဝေဖန်ခဲ့သည်။

“ဖန်တီးမှုမရှိ၊ စွန့်စားမှုမရှိတဲ့ ကစားဟန်တစ်ခုပါပဲ။ ဒီအသင်းက စုစည်းကျစ်လစ်လို့ တခြားအသင်းတွေ ရင်မဆိုင်ချင်တဲ့အသင်းစာရင်းထဲ ပါတယ်။ ဒါပေမဲ့ ဗန်ဟားလ်ကတော့ စွန့်စားလိုစိတ်မရှိသလိုပဲ။ အဲဒီလိုအသင်းမှာတော့ ကျွန်တော် မကစားချင်ဘူး”ဟု မန်ယူအတွက် ၇၁၈ ပွဲ ကစားပေးခဲ့သူ ပေါလ်စခိုးလ်က ဖွင့်ဟဝေဖန်ခဲ့သည်။

comments

error: Content is protected !!