နည်းပြကလော့ပ်၏ ယုံကြည်မှုရခဲ့သဖြင့် ကျေနပ်မိကြောင်း မိုရီနို ဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လေ့ကျင့်ရေးကွင်းတွင် အတူတွေ့ရသည့် မိုရီနိုနှင့် ကလော့ပ်

လီဗာပူးနောက်ခံလူမိုရီနိုက နည်းပြဟောင်းရော့ဂျာလက်ထက်တွင် ပွဲထွက်ခွင့်မရခဲ့သည့်အတွက် ဒေါသများကိုမျိုသိပ်ခဲ့ရကာ အသင်းမှထွက်ခွာရန်စဉ်းစားခဲ့သော်လည်း နည်းပြသစ်ယာဂင်ကလော့ပ်ရောက်ရှိချိန်၌ ပွဲထွက်ခွင့်ပြန်လည်ရရှိခဲ့ပြီး ယုံကြည်မှုခံခဲ့ရသောကြောင့် ကျေနပ်မိသည်ဟု ပြောကြားခဲ့သည်။

မိုရီနိုမှာ ရော့ဂျာလက်ထက်တွင် လီဗာပူးအသင်း၏ ဘောလုံးရာသီအစ ပွဲစဉ် ၅ ပွဲကို ဂျိုးဂိုးမက်ဇ်နှင့်အတူ လွဲချော်ခဲ့ရသည်။

အသက် ၂၃ နှစ်ရှိမိုရီနိုမှာ နည်းပြသစ်ကလော့ပ်တွင် ပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့ပြီး အဆိုပါနည်းပြမှာ အန်ဖီးလ်ကွင်းသို့ ကံကောင်းမှုများ ယူဆောင်ပေးမည့်သူဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါနောက်ခံလူက”ရာနှုန်းပြည့်ပြောင်းလဲခဲ့တယ်လို့ ကျွန်တော်ထင်တယ်။ အခြေခံသဘောတရားအားလုံး ကွဲပြားသွားပါတယ်။ ကလော့ပ်ဟာ ကစားသမားတိုင်းနဲ့ စကားပြောလေ့ရှိသလို ကျွန်တော်တို့အားလုံး သုညကနေပြန်စရမယ်လို့ ပြောခဲ့ပါတယ်။ သူ ကျွန်တော့်ကိုယုံတယ်ဆိုတာ စိတ်ကသိနေတယ်။ ကျွန်တော်တို့အတွက် သူ့အချိန်တွေ အများကြီးပေးထားတာပါ။ ကစားပွဲပေါ်မှာ စိတ်နှစ်ထားတဲ့သူ့ကြောင့် ကျွန်တော်စိတ်ခွန်အားမြင့်မားလာပါတယ်” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!