ရာသီပိတ်နိုင်ပွဲနဲ့ ၄ ကြိမ်ဆက် နေရှင်နယ်လိဂ်ဖလား ရယူခဲ့သည့် ရန်ကုန်ယူနိုက်တက်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
၎ ကြိမ်ဆက်ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်း

အောက်တိုဘာ ၃၀။
အောင်သော်ဖြိုး

ရန်ကုန်အသင်းသည် ရာသီနောက်ဆုံးပွဲအဖြစ် ချင်းယူနိုက်တက်အသင်းနှင့် မြက်ခင်းတုကွင်းတွင် အောက်တိုဘာလ ၃၀ ရက်နေ့ ညနေ ၃:၃ဝ အချိန်တွင် ယှဉ်ပြိုင်ခဲ့ပြီး ၆-၂ ဂိုးဖြင့် အနိုင်ရကာ  မြန်မာနေရှင်နယ်လိဂ် ၂၀၁၅ ရာသီ ချန်ပီယံဆုဖလားရရှိခဲ့ပြီး မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတစ်လျှောက် ချန်ပီယံဆု ၄ ကြိမ်မြောက် ရရှိခဲ့သည်။

ရန်ကုန်အသင်းက နေရှင်နယ်လိဂ် နောက်ဆုံးပွဲစဉ်တွင် အနိုင်ရလဒ်ထွက်ပေါ်ရေးအတွက် ကျော်ကိုကို၊ ကြည်လင်း၊ သန်းပိုင်၊ ရန်အောင်ကျော်၊ ဆီဇာ၊ ဇော်မင်းထွန်းစသည့် အဓိက ကစားသမား အစုံအလင်ဖြင့် ပွဲထွက်လာပြီး ချင်းယူနိုက်တက်ကလည်း ဆလမန်၊ ပြည့်ဖြိုးဦး၊ ချစ်စုမိုး၊ မက်သရူးစသည့် ကစားသမားဖြင့် အိမ်ရှင် ရန်ကုန်အသင်းကို  ရင်ဆိုင်ခဲ့သည်။

ပွဲချိန်အများစုတွင် ရန်ကုန်အသင်းက ဦးဆောင်ကစားခဲ့ပြီး ၂၇၊ ၅၁၊ ၅၄၊ ၅၈၊ ၈၈ မိနစ်များတွင် ရန်ကုန်အသင်းတိုက်စစ်မှူး ဆီဇာက ၅ ဂိုး၊ လူငယ်တိုက်စစ်မှူး သန်းပိုင်က ၈၄ မိနစ်တွင် ၁ ဂိုး သွင်းယူပေးခဲ့ပြီး ချင်းယူနိုက်တက်အသင်းမှ ဆန်းဒေး မက်သရူးက ၆၈၊ ၈၂ မိနစ်များတွင် ချေပဂိုး၂ ဂိုး သွင်းယူပေးနိုင်ခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ရာသီမပြီးဆုံးခင်ကတည်းက ချန်ပီယံဆုကို ရရှိခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ချန်ပီယံဆုဖလား၊ ရွှေတံဆိပ်ဆုနှင့် ငွေကျပ်သိန်း ၁၀၀၀၊ ဒုတိယဆုရရှိခဲ့သည့် ရတနာပုံအသင်းကို ငွေတံဆိပ်ဆုနှင့် ငွေကျပ်သိန်း ၇၅ဝ၊ တတိယဆု ရရှိခဲ့သည့် မကွေးအသင်းကို ကြေးတံဆိပ်ဆုနှင့် ငွေကျပ်သိန်း ၅၀၀ တို့ကို ချီးမြှင့်ခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ပထမအသင်းက၂၀၁၅ မြန်မာနေရှင်နယ်လိဂ်ချန်ပီယံဆုနှင့် လူငယ်အသင်းက မြန်မာနေရှင်လိဂ်လူငယ်ပြိုင်ပွဲ ချန်ပီယံဆုတို့ ရရှိခဲ့ပြီး တိုက်စစ်မှူး ဆီဇာက သွင်းဂိုး ၂၈ ဂိုးဖြင့် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့သည်။

comments

error: Content is protected !!