အခွန်တိမ်းရှောင်မှုများအတွက် မာရှေယာနို ပေါင် ၁ သန်း ဒဏ်ရိုက်ခံရ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အခွန်ကိစ္စအတွက် တရားရုံးသို့ရောက်ရှိလာသော မာရှေယာနို

ဘာစီလိုနာကွင်းလယ်ကစားသမား မာရှေယာနိုသည် လာလီဂါသို့ စတင်ရောက်ရှိခဲ့သည့် အချိန်ကာလများတွင် စပိန်အစိုးရသို့ ပေးချေရမည့် အခွန်ငွေများအား တိမ်းရှောင်ခဲ့သည်ကို စစ်ဆေးတွေ့ခဲ့ပြီးနောက် ဒဏ်ကြေးငွေအဖြစ် ပေါင် ၁ သန်းပေးဆောင်ရန် တရားရုံး ၂ ရုံးမှ အမိန့်ချမှတ်ခဲ့သည်။

မာရှေယာနိုနှင့် ၎င်း၏ဖခင်ဖြစ်သူတို့သည် ၂၀၁၁၊ ၂၀၁၂ ခုနှစ်များတွင် ပုံရိပ်အသုံးပြုခများ၊ စပွန်ဆာဆုကြေးများမှ ရရှိခဲ့သည့် ၀င်ငွေများအပေါ် အခွန်ပေးဆောင်ရမည်ဖြစ်သော်လည်း ပျက်ကွက်ခဲ့ခြင်းကြောင့် စုံစမ်းစစ်ဆေးမှုများခံခဲ့ရကာ ယခုကဲ့သို့ အရေးယူခံခဲ့ရခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းဖော်များဖြစ်သည့် မာရှေယာနိုနှင့် မက်ဆီတို့သည် ယင်းအချိန်ကာလများတွင် ရရှိခဲ့သည့် ငွေကြေးများအပေါ် အခွန်ပေးဆောင်ရမည့်အကြောင်း သိရှိခဲ့ခြင်းမရှိဟု ထုတ်ဖော်ပြောကြားခဲ့ပြီး မာရှေယာနိုအနေဖြင့် ဒဏ်ကြေးငွေသာပေးဆောင်ခဲ့ရသော်လည်း မက်ဆီ၏ ဖခင်ဖြစ်သူမှာမူ ထောင်ဒဏ်ချမှတ်ခံရမည့်အခြေအနေများနှင့် ရင်ဆိုင်နေရသည်။

comments

error: Content is protected !!