ဗယ်လာဒိုလစ်နည်းပြဟောင်း ဂျိုအန်ဖရန်ဆစ်အား နည်းပြသစ်အဖြစ်လီဗန်တေးခန့်အပ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လီဗန်တေးနည်းပြသစ်ဖြစ်လာသည့် ဂျိုအန်ဖရန်စစ်

လာလီဂါပွဲစဉ် ၉ အပြီး ရမှတ် ၆ မှတ်ဖြင့် အဆင့် ၂၀ နေရာတွင် ရပ်တည်နေသည့် လီဗန်တေးအသင်းတာဝန်ရှိသူများသည် လစ်လပ်နေသည့်နေသည့်နည်းပြနေရာတွင် ဗယ်လာဒိုလစ်နည်းပြဟောင်း ဂျိုအန်ဖရန်ဆစ်အား ရာသီကုန်အထိတာဝန်ယူကိုင်တွယ်ရန် ကာလတိုစာချုပ်ဖြင့် ခန့်အပ်တာဝန်ပေးခဲ့ကြောင်း အသင်းမှ အတည်ပြုခဲ့သည်။

လီဗန်တေးအသင်းသည် ပွဲစဉ် ၉ တွင်  အိမ်ကွင်း၌  ဆိုစီဒက်အသင်းအား ၀-၄ ဂိုးဖြင့် အရေးနိမ့်ခဲ့၍ နည်းပြလူးကပ်စ်အယ်လ်ကာရက်ဇ်အား ရာထူးမှထုတ်ပယ်ခဲ့ပြီးနောက် ၅ ရက်အကြာတွင် ယခုကဲ့သို့ နည်းပြသစ် ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

အသင်း၏ထုတ်ပြန်ချက်တွင် ရူဘီဟု လူသိများသည့် ဗယ်လာဒိုလစ်နည်းပြဟောင်းဖြစ်သူ ဂျိုအန်ဖရန်ဆစ်အား နည်းပြသစ်အဖြစ်ခန့်အပ်ခဲ့ပြီဖြစ်ကြောင်း၊ ကာလတိုစာချုပ်ဖြင့် ရာသီကုန်အထိ အသင်းအားတာဝန်ယူကိုင်တွယ်စေမည်ဖြစ်ကြောင်း၊ ရာသီကုန်တွင် လာလီဂါ၌ တင်ကျန်ရစ်အောင် စွမ်းဆောင်နိုင်ခဲ့ပါက စာချုပ်သစ်ချုပ်ဆိုမည်ဖြစ်ကြောင်း အသင်းပိုင်ဝက်ဘ်ဆိုက်က ထုတ်ပြန်ခဲ့သည်။

နည်းပြသစ်ဂျိုအန်ဖရန်ဆစ်သည် လာလီဂါပွဲစဉ်များအဖြစ် ဗလင်စီယာ၊ ဒီပို့တီဗို၊ စပို့တင်းဂီဂျွန်စသည့် အမှတ်ပေးဇယားအလယ်တွင် ရပ်တည်နေသည့် အသင်းများနှင့်  နိုဝင်ဘာလအတွင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

comments

error: Content is protected !!