အာဆင်နယ်၊ လီဗာပူးပစ်မှတ် လာဗက်ဇီ ဘာစီလိုနာသို့ ပြောင်းလို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ပီအက်စ်ဂျီတွင် ခြေစွမ်းမှန်ပျောက်ဆုံးနေသည့် လာဗက်ဇီ

ပီအက်စ်ဂျီတိုက်စစ်မှူး လာဗက်ဇီသည် ၎င်းအား စိတ်ဝင်စားနေသည့် ပရီးမီးယားလိဂ်အသင်းများသို့ ပြောင်းရွှေ့ရန်ဆန္ဒမရှိဘဲ ဘာစီလိုနာသို့သာ ပြောင်းရွှေ့ကစားလိုသည်ဟု မိတ်ဆွေများကို ပြောကြားခဲ့ကြောင်း သိရှိရသည်။

လာဗက်ဇီမှာ လက်ရှိအသင်းတွင် ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရပြီး အာဆင်နယ်နှင့် လီဗာပူးတို့က ၎င်းအား ခေါ်ယူလိုနေကြောင်း သတင်းများထွက်ပေါ်နေသည်။

ဘာစီလိုနာမှာ ပြီးခဲ့သည့်နွေရာသီတွင် ပက်ဒရိုအား ချဲလ်ဆီးသို့ ရောင်းထုတ်ခဲ့ပြီးနောက် ဖီဖာ၏အပြောင်းအရွှေ့ပိတ်ပင်မှုပြစ်ဒဏ်ကြောင့် ထိုတိုက်စစ်မှူးနေရာအား ပြန်လည်အစားထိုးရန် ကစားသမားသစ် မ၀ယ်ယူနိုင်ခဲ့ချေ။

လာဗက်ဇီသည် ဘာစီလိုနာမှ ၎င်း၏မိတ်ဆွေများဖြစ်သော တစ်နိုင်ငံတည်းသား မက်ဆီနှင့် မာရှေယာနိုတို့ကို ပက်ဒရို၏ကွက်လပ်အား ၎င်းက အစားထိုးဖြည့်ဆည်းပေးနိုင်ကြောင်း ပြောကြားထားသည်။

ဘာစီလိုနာသည် လာဗက်ဇီအား ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွင် သက်သာသောပြောင်းရွှေ့ကြေးနှုန်းထားဖြင့် ခေါ်ယူရန်စီစဉ်နေသော်လည်း ပီအက်စ်ဂျီကမူ ထိုကစားသမားအတွက် ပြောင်းရွှေ့ကြေးမြင့်မားစွာ ရရှိလိုနေကြောင်း ပြီးခဲ့သည့်လ သတင်းများက ဖော်ပြခဲ့သည်။

comments

error: Content is protected !!