ချန်ပီယံဆုအတွက် ဂျူဗင်တပ်အခွင့်အရေးရှိနေဆဲဟု ကစားသမားဟောင်း မိုရီနို သုံးသပ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဆက်ဆူလိုနှင့်ပွဲတွင် စိတ်ဓာတ်ကျနေသည့် တိုက်စစ်မှူးမန်ဇူကစ

၁၉၉၂ မှ ၁၉၉၈ ခုနှစ်အထိ ဂျူဗင်တပ်အသင်းတွင် နောက်ခံကစားသမားအဖြစ် ခြေစွမ်းပြကစားနိုင်ခဲ့သည့် အသင်းသားဟောင်း မိုရီနိုက အဆိုးရွားဆုံးရာသီအစနှင့်အတူ နိုင်ပွဲရရှိရန်အတွက် အခက်အခဲများနှင့်ရင်ဆိုင်နေရပြီဖြစ်ကြောင်း၊ အသင်းတာဝန်ရှိသူ၊ နည်းပြအဖွဲ့ဝင်များအနေဖြင့် ချန်ပီယံဆုအတွက် ပြန်လည်တိုက်ပွဲဝင်နိုင်မည်ကို ယုံကြည်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

ဂျူဗင်တပ်အသင်းသည် စီးရီးအေပွဲစဉ် ၁၀ တွင် ဆက်ဆူလိုအား အရေးနိမ့်ခဲ့သည့်အတွက် စီးရီးအေရှုံးပွဲ ၄ ပွဲအထိရှိလာခဲ့ပြီး အဆိုးရွားဆုံးအခြေအနေနှင့် ရင်ဆိုင်နေရပြီဖြစ်သည့်အပြင် ၁၉၈၇-၈၈ ဘောလုံးရာသီနောက်ပိုင်း အဆိုးရွားဆုံးအခြေအနေနှင့်လည်း ကြုံတွေ့နေရပြီဖြစ်သည်။

“အသင်းတာဝန်ရှိသူတွေအနေနဲ့ အချင်းချင်းအပြစ်တင်မှုတွေနဲ့သာ အချိန်ကုန်နေကြပါတယ်။ အဲဒီအတွက် ရာသီအစရလဒ်ဆိုးရွားမှုတွေရဲ့ အဓိကအကြောင်းရင်းကို ရှာဖွေသင့်နေပါပြီ။ ဒါပေမဲ့ ချန်ပီယံဆုကာကွယ်နိုင်ဖို့အတွက် တိုက်ပွဲဝင်စိတ်ဓာတ်ပြန်ရမှာကိုတော့ ယုံကြည်ထားပါတယ်။ စကူဒက်တိုဖလားအတွက် ဂျူဗင်တပ်မှာ အခွင့်အရေးရှိနေဆဲပါ ” ဟု မိုရီနိုက ဆိုခဲ့သည်။

ဂျူဗင်တပ်အသင်းသည် အသင်းသမိုင်းတစ်လျှောက် အဆိုးရွားဆုံးရာသီအစကို ၁၉၅၆-၅၇ ဘောလုံးရာသီတွင် စတင်ကြုံတွေ့ခဲ့ပြီး နည်းပြ ရီနိုမာချက်ဆီ တာဝန်ယူကိုင်တွယ်ခဲ့သည့် ၁၉၈၇-၈၈ ဘောလုံးရာသီများတွင်လည်း အဆိုးရွားဆုံးဘောလုံးရာသီနှင့်ရင်ဆိုင်ခဲ့ရသည်။

ယင်းနှစ်များ တွင် ဂျူဗင်တပ်အသင်းသည် စကူဒက်တိုချန်ပီယံဆုနှင့် ၇ နှစ်ကြာဝေးကွာခဲ့သည်။

comments

error: Content is protected !!