ဖရန့်ဖတ်နှင့်ပွဲအပြီး၌ ဂွါဒီယိုလာအနာဂတ် အဖြေပေါ်နိုင်ဖွယ်ရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
စာချုပ်သက်တမ်းတိုးရန်ကိစ္စ အဖြေပေါ်ဖွယ်ရှိနေသည့် ဂွါဒီယိုလာ

ဘိုင်ယန်မြူးနစ်နည်းပြ ဂွါဒီယိုလာမှာ ယခုဘောလုံးရာသီကုန်ဆုံးချိန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အသင်းနှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ဆွေးနွေးနေကြောင်း သတင်းဌာနများက ဖော်ပြခဲ့သည်။

ဂွါဒီယိုလာသည် ယခုဘောလုံးရာသီတွင် ဘွန်ဒက်စ်လီဂါသမိုင်းတစ်လျှောက် ဘိုင်ယန်မြူးနစ်ကို ၁၀ ပွဲဆက် နိုင်ပွဲရရှိစေရန် စွမ်းဆောင်ပေးခဲ့ပြီး ဒုတိယနေရာမှ ဒေါ့မွန်ကို ၇ မှတ်ဖြတ်ထားနိုင်ခဲ့သည်။

ထို့အပြင် အဆိုပါစပိန်လူမျိုးနည်းပြသည် ဘိုင်ယန်မြူးနစ်ကို ၂ နှစ်အတွင်း ဘွန်ဒက်စ်လီဂါချန်ပီယံ ၂ ကြိမ်နှင့် ဂျာမန်ပိုကယ်ဖလား ၁ ကြိမ်ဆွတ်ခူးပေးနိုင်ခဲ့သောကြောင့် ၎င်းကို အသင်းမှ ဆက်လက်ထိန်းသိမ်းရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ဘိုင်ယန်မြူးနစ် အမှုဆောင်အရာရှိချုပ် ရူမင်နစ်ဂီကလည်း ယခုဘောလုံးရာသီမကုန်ဆုံးမီ ဂွါဒီယိုလာကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုမည်ဟု ပြောကြားထားခဲ့ပြီး ဖရန့်ဖတ်နှင့်ယှဉ်ပြိုင်မည့် သောကြာနေ့ပွဲတွင် အနိုင်ရရှိခဲ့ပါက အဆိုပါနည်းပြ၏အနာဂတ်မှာ ပိုမိုထင်ရှားလာမည်ဟု သတင်းများက ဖော်ပြခဲ့သည်။

ဂွါဒီယိုလာနှင့်ပတ်သက်၍ ဘိုင်ယန်မြူးနစ်အသင်းခေါင်းဆောင်ဖီးလစ်လမ်းက ”ကစားသမားတွေအမြင်ကတော့ အရမ်းရှင်းပါတယ်။ ကျွန်တော်တို့ ဒီနည်းပြနဲ့လက်တွဲရတာ သဘောကျတယ်။ သူက ထူးချွန်တဲ့နည်းပြတစ်ယောက်ပါ။ ကျွန်တော်ပြောနိုင်တာတစ်ခုကတော့ အသင်းက ဘာလိုချင်တာလဲ။ ပြီးတော့ နည်းပြကို ဆက်ရှိစေမှာလား။ အရာအားလုံးတော့ ကျွန်တော်တို့ စိတ်တိုင်းကျ မဖြစ်နိုင်ဘူးလေ” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!