လက်စ်ပါးမက်စ်နှင့်ပွဲတွင် ရီးရဲလ်အတွက် ဂိုးသမားကက်ဆီလာ ပွဲထွက်ဖွယ်ရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ရီးရဲလ်အတွက် ပွဲထွက်ခွင့်ရဖွယ်ရှိနေသည့် ကက်ဆီလာ

ရီးရဲလ်နည်းပြဘင်နီတက်ဇ်က လက်စ်ပါးမက်စ်နှင့်ပွဲအတွက် ပထမဂိုးသမားနာဗတ်စ်မှာ ကြံ့ခိုင်မှုပြည့်ဝရန် ရုန်းကန်နေရသဖြင့် အရန်ဂိုးသမား ကီကိုကက်ဆီလာ ပွဲထွက်ဖွယ်ရှိနေကြောင်း အတည်ပြုလိုက်သည်။

နာဗတ်စ်မှာ လက်ရှိအချိန်တွင် ကြွက်သားဒဏ်ရာပြဿနာရှိနေပြီး ရီးရဲလ်ကစားသမားဘ၀ ရာနှုန်းပြည့် ပါဝင်ကစားနိုင်ခဲ့မှုကို အဆုံးသတ်ရဖွယ်ရှိနေသည်။

“နာဗတ်စ်က လက်စွမ်းပြနိုင်တာမှန်ပေမယ့် သူ့မှာ ကြွက်သားဒဏ်ရာရှိနေတယ်။ ဒဏ်ရာပြဿနာ မကြာအောင်လို့ သူ့ကို အနားပေးသင့်ရင် ပေးရမယ်။ ကက်ဆီလာ့ကို ကျွန်တော်ယုံကြည်တယ်လို့ ပြောခဲ့ပြီးသားပါ။ သူကစားမှဖြစ်မယ့်ပွဲဆိုရင် သူ့ကို သုံးသွားမှာပါ”ဟု ဘင်နီတက်ဇ်က ပြောကြားခဲ့သည်။

comments

error: Content is protected !!