နယူးယောက်စီးတီးအသင်းနှင့် အီတလီဝါရင့်နည်းပြ ကာပယ်လိုတို့ ဆွေးနွေးနေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ပြီးခဲ့သည့်ဧပြီလက ရှန်ဟိုင်းတွင်တွေ့ရသည့် ကာပယ်လို

အင်္ဂလန်၊ ရုရှားလက်ရွေးစင်အသင်းများကို တာဝန်ယူကိုင်တွယ်ခဲ့သည့် အီတလီဝါရင့်နည်းပြ ကာပယ်လိုသည် အမေရိကန်မေဂျာလိဂ်ထိပ်သီး နယူးယောက်စီးတီးအသင်းအား တာဝန်ယူကိုင်တွယ်ရန်အတွက် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်နေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

၂၀၁၅ ဇွန်လတွင် ရုရှားလက်ရွေးစင်နည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရသည့် နည်းပြကာပယ်လိုသည် စီးရီးအေကလပ်အသင်းအချို့အား တာဝန်ယူကိုင်တွယ်ဖွယ်ရှိနေကြောင်း သတင်းများကဖော်ပြခဲ့သော်လည်း လက်ရှိထွက်ပေါ်နေသည့်သတင်းများအရ နယူးယောက်စီးတီး နည်းပြဖြစ်လာရန် နီးစပ်နေပြီဖြစ်သည်။

နယူးယောက်စီးတီးတာဝန်ရှိသူများသည်  ပြီးခဲ့သည့်နှစ်ပြိုင်ပွဲတွင် ရလဒ်များဆိုးရွားခဲ့သည့်အတွက် နည်းပြဂျာဆန်ခရစ်နှင့်လမ်းခွဲရန် စီစဉ်နေပြီး နည်းပြသစ်အဖြစ် ၀ါရင့်နည်းပြကာပယ်လိုနှင့်လက်တွဲရန် ကမ်းလှမ်းမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

၂၀၁၅ မေဂျာလိဂ်ပြိုင်ပွဲဝင် နယူးယောက်စီးတီးအသင်းသည် Eastern Confrence ပြိုင်ပွဲတွင် အဆင့် ၈ နေရာသာရရှိခဲ့ပြီး မေဂျာလိဂ်ပြိုင်ပွဲတွင်မူ အဆင့် ၁၇ အထိ ကျဆင်းခဲ့သည့်အထိ ရလဒ်များဆိုးရွားနေသည်။

comments

error: Content is protected !!