အာဆင်နယ်တိုက်စစ်အတွဲ ၀ဲလ်ကော့နှင့် ချိန်ဘာလင် ၃ ပွဲလွဲချော်မည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ရှက်ဖီးလ်ဝက်စ်ဒေးနှင့်ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် ၀ဲလ်ကော့

Capital One ဖလားပွဲစဉ်အဖြစ် ရှက်ဖီးလ်ဝက်စ်ဒေးနှင့်ကစားခဲ့သည့်ပွဲတွင် အာဆင်နယ်တိုက်စစ်အတွဲဖြစ်သော ၀ဲလ်ကော့နှင့် ချိန်ဘာလင်တို့မှာ ဒဏ်ရာအသီးသီးရရှိခဲ့သဖြင့် လာမည့် ၃ ပွဲကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။

တောင်ပံကစားသမားဝဲလ်ကော့မှာ ခြေသလုံးကြွက်သားဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ချိန်ဘာလင်မှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့ကြောင်သိရသည်။

အဆိုပါတိုက်စစ်အတွဲဖြစ်သော ၀ဲလ်ကော့နှင့် ချိန်ဘာလင်မှာ ယခုဒဏ်ရာများကြောင့် ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲဖြစ်သည့် ဆွမ်ဆီး၊ စပါးတို့နှင့်ပွဲများကို ပါဝင်နိုင်မည်မဟုတ်သည့်အပြင် ချန်ပီယံလိဂ်ပွဲစဉ်အဖြစ်ကစားမည့် ဘိုင်ယန်မြူးနစ်နှင့် အိမ်ကွင်းပွဲကိုပါ လွဲချော်မည်ဖြစ်သည်။

ကစားသမားများ၏ ဒဏ်ရာပြဿနာများနှင့်ပတ်သက်၍ နည်းပြအာစင်ဝင်းဂါးက ”ဒီကစားသမား ၂ ယောက်ဒဏ်ရာရသွားတာ ကြီးမားတဲ့ထိုးနှက်ချက်ပါပဲ။ ဒဏ်ရာတွေကြောင့် အခုအချိန်မှာ ကျွန်တော်တို့ ပူပန်နေရတယ်။ အဓိက ကစားသမား ၆ ယောက်လည်း မကစားနိုင်သေးပါဘူး” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!