အဆုံးသတ်အားနည်းခဲ့သော ကစားသမားများအား ဗန်ဟားလ် ပြစ်တင်ဝေဖန်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
မစ်ဒယ်ဘရော့နှင့်ပွဲ၌ ပင်နယ်တီအဆုံးအဖြတ်ခံယူစဉ် ဗန်ဟားလ်နှင့် နည်းပြအဖွဲ့ဝင်၊ အရန်ကစားသမားများကို တွေ့ရစဉ်

Capital One ဖလားပွဲစဉ်အဖြစ် မစ်ဒယ်ဘရော့နှင့်ယှဉ်ပြိုင်ခဲ့ရာတွင် အဆုံးသတ်အားနည်းခဲ့သော ကစားသမားများကို မန်ယူနည်းပြဗန်ဟားလ်က ပြစ်တင်ပြောဆိုလိုက်သည်။

အိမ်ကွင်းအိုးထရက်ဖို့ဒ်တွင် ယှဉ်ပြိုင်ခဲ့သည့် အဆိုပါပွဲ၌ မန်ယူအသင်းမှာ ဂိုးရရှိရန် အခွင့်အရေးများစွာပိုင်ဆိုင်ခဲ့သော်လည်း အဆုံးသတ်ပိုင်းအားနည်းခဲ့သောကြောင့် ဂိုးမရှိသရေရလဒ်ဖြင့် အချိန်ပိုအဆုံးသတ်ခဲ့ရပြီး ပင်နယ်တီအဆုံးအဖြတ်တွင် ၁-၃ ဂိုးဖြင့် မစ်ဒယ်ဘရော့ကို အရေးနိမ့်ခဲ့ရသည်။

မန်ယူအတွက် ပထမဆုံးပင်နယ်တီဂိုးကို ရွန်နီစတင်လွဲချော်ခဲ့ပြီး ကာရစ်၊ အက်ရှ်လေယန်းတို့ ဆက်လက်လွဲချော်ခဲ့သောကြောင့် မစ်ဒယ်ဘရော့မှာ Capital One ဖလား ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

ယခုရှုံးပွဲနှင့်ပတ်သက်၍ နည်းပြဗန်ဟားလ်က ”ကျွန်တော်တို့ ဒီပြဿနာကို ဖြေရှင်းရမှာပါ။ မန်စီးတီးနဲ့ ကစားခဲ့တဲ့ပွဲမှာ ကျွန်တော်တို့ အခွင့်အရေးပိုခဲ့သလို အဆုံးသတ်ခွင့်လည်းပိုရခဲ့တယ်။  အခုလည်း ကျွန်တော်တို့အသင်း မန်စီးတီးနဲ့ပွဲကလောက် ဖန်တီးမှုတွေမလုပ်နိုင်ပေမယ့် အဆုံးသတ်ဂိုးသွင်းဖို့ အခွင့်အရေးရခဲ့တယ်။ အဆုံးသတ်ဂိုးသွင်းဖို့ ကစားသမားတော်တော်များများ အခွင့်အရေးရပေမယ့် မလုပ်နိုင်ခဲ့ကြဘူး။ အလွယ်တကူရခဲ့တဲ့ အခွင့်အရေးတွေကို အဆုံးသတ်နိုင်ခဲ့သင့်တယ်။ ဂိုးမသွင်းနိုင်ခဲ့တာ အရမ်းစိတ်ပျက်စရာကောင်းတယ်” ဟု ပြောကြားခဲ့သည်။

ထို့အပြင် နည်းပြဗန်ဟားလ်က မစ်ဒယ်ဘရော့မှာ ကံကောင်းသောကြောင့် မန်ယူကို အနိုင်ရရှိခဲ့ခြင်းဖြစ်သည်ဟု ကာဆီနိုလောင်းကစားဝိုင်းနှင့် ခိုင်းနှိုင်း၍ ပြောကြားခဲ့သည်။

comments

error: Content is protected !!