ရော်နယ်ဒိုနှင့် ဂါရတ်ဘေးလ်တို့ကို ရောင်းချမည်မဟုတ်ဟု ဇီဒန်းဆို
|
ရီးရဲလ်အသင်း၏ အနာဂတ်နည်းပြအဖြစ် လျာထားခြင်းခံထားရသည့် လူငယ်အသင်းနည်းပြ ဇီဒန်းက အသင်း၏အဓိက ကစားသမား ၂ ဦးဖြစ်သည့် ရော်နယ်ဒိုနှင့် ဂါရတ်ဘေးလ်တို့ကို ပြိုင်ဘက်အသင်းများထံ ရောင်းချမည်မဟုတ်ကြောင်း၊ ရီးရဲလ်အသင်းအနေဖြင့် ကမ္ဘာ့ထိပ်တန်းကစားသမားများကို လက်လွှတ်ဖွယ်မရှိကြောင်း ဆိုခဲ့သည်။
ရီးရဲလ်အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေသည့် တိုက်စစ်မှူးရော်နယ်ဒိုသည် အသင်းဟောင်းမန်ယူသို့ ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီး တောင်ပံကစားသမားဂါရတ်ဘေးလ်မှာလည်း ပရီးမီးယားလိဂ်သို့ ပြန်လည်ခြေချရန်ပြင်ဆင်နေသည်ဆိုသည့် သတင်းများကို လူငယ်အသင်းနည်းပြဇီဒန်းက ယခုကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
“ရော်နယ်ဒိုနဲ့ပတ်သက်ပြီး သတင်းတွေထွက်ပေါ်နေပေမယ့် အဓိကကစားသမားဖြစ်နေတဲ့အတွက် ပြိုင်ဘက်အသင်းတွေဆီ ရောင်းချ
မှာမဟုတ်ပါဘူး။ ရော်နယ်ဒိုက အသင်းရဲ့ရောင်းကုန်မဟုတ်ဘူးဆိုတာ အသိပေးချင်ပါတယ်။ ဂါရတ်ဘေးလ်အနေနဲ့လည်း အသင်းကနေထွက်ခွာဖို့ နည်းပါတယ်။ သူရဲ့အနာဂတ်က အသင်းမှာပဲဆက်ရှိနေဦးမှာပါ ” ဟု နည်းပြဇီဒန်းက ဆိုခဲ့သည်။
ရော်နယ်ဒိုနှင့် ဂါရတ်ဘေးလ်တို့ ၂ ဦးသည် ပြီးခဲ့သည့်ဘောလုံးရာသီက ရီးရဲလ်အသင်းနှင့်အတူ ခြေစွမ်းပြကစားထားနိုင်ခဲ့မှုများကြောင့် ၂၀၁၄ ခုနှစ်အတွက် ဖီဖာကမ္ဘာ့အကောင်းဆုံးကစားသမား ပဏာမစာရင်းတွင် ထည့်သွင်းရွေးချယ်ခံထားရသူများဖြစ်သည်။
Next : ဖရန့်ဖတ်နှင့်ပွဲအပြီး၌ ဂွါဒီယိုလာအနာဂတ် အဖြေပေါ်နိုင်ဖွယ်ရှိ