ချဲလ်ဆီးတွင် မော်ရင်ညိုဆက်ရှိရန် ကစားသမားအားလုံး ဆန္ဒရှိဟု ရီမီဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
စတုတ်စီးတီးနှင့်ပွဲစဉ်က ရီမီနှင့် မော်ရင်ညိုကို အတူတွေ့ရစဉ်

စတုတ်စီးတီးနှင့် Capital One ဖလားပွဲစဉ်တွင် ဒီယေဂိုကော်စတာဒဏ်ရာရှိသွားသည့်အတွက် နည်းပြမော်ရင်ညို၏အနာဂတ်အတွက် အဆုံးအဖြတ်ဖြစ်လာနိုင်သော စနေနေ့ လီဗာပူးနှင့်ပွဲတွင် ပွဲထွက်ခွင့်ရလာနိုင်သည့် ချဲလ်ဆီးကစားသမားရီမီက ကစားသမားအားလုံးသည် မော်ရင်ညိုအား အသင်းတွင် ဆက်ရှိနေစေရန် ဆန္ဒရှိနေကြောင်း ပြောကြားလိုက်သည်။

“စနေနေ့ပွဲစဉ်က ကျွန်တော်တို့အတွက် အရေးကြီးတာ သေချာတယ်။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ပွဲတွေပြန်ရရင် ထိပ်ဆုံး ၄ သင်းစာရင်း ၀င်နိုင်ပါသေးတယ်။ စတုတ်စီးတီးနဲ့ပွဲမှာ ကျွန်တော်တို့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့တာပါ။ ပင်နယ်တီနဲ့ အရှုံးပေးလိုက်ရပြီးနောက်မှာ အားလုံးက ကျွန်တော်တို့လိုချင်သလို ဖြစ်မလာခဲ့ဘူး။ ဒါပေမဲ့ အသင်းအရည်အသွေးကတော့ မနှစ်တုန်းက မတော်တဆချန်ပီယံဖြစ်ခဲ့တာမဟုတ်တဲ့ အရည်အသွေးအတိုင်းပဲ ရှိနေပါသေးတယ်။ အသင်းလိုက်စိတ်ဓာတ်လည်း ကောင်းတယ်။ လေ့ကျင့်ခန်း ကောင်းကောင်းဆက်လုပ်ကြမှာပါ။ ကျွန်တော်တို့လိုချင်တဲ့ နိုင်ပွဲတွေအတွက် အခွင့်အရေးတွေက အနှေးနဲ့အမြန် ရလာမှာပါ။ ဒါပေမဲ့ အမြန်ဆုံးရရင်တော့ အကောင်းဆုံးပဲဆိုတာ ရှင်းနေပါတယ်” ဟု ရီမီက ချဲလ်ဆီး၏ လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး သုံးသပ်ခဲ့သည်။

ထို့အပြင် မော်ရင်ညိုနှင့်ပတ်သက်၍လည်း”အသင်းမှာ မော်ရင်ညိုဆက်ရှိဖို့ အရေးကြီးတယ်။ ကျွန်တော်တို့ လက်မလျှော့ချင်ဘူး။ သူက တကယ်တော်တဲ့နည်းပြပါ။ သူ့ကို အသင်းကနေ ထွက်မသွားစေချင်ဘူး။ ကစားသမားတွေအားလုံးကလည်း ထွက်မသွားစေချင်ဘူး”ဟု ပြောကြားသွားခဲ့သည်။

comments

error: Content is protected !!