၂၀၁၆ မြန်မာနေရှင်နယ်လိဂ်-၂ တွင် အသင်းသစ် ၃ သင်းပါဝင်မည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ကလပ်အသင်း၃သင်းမှ တာဝန်ရှိသူများအား ကလပ်အသင်းတည်ထောင်ခြင်းစည်းမျဉ်းများနှင့်ပတ်သတ်ပြီးရှင်းလင်းပွဲပြုလုပ်နေစဉ်

အောက်တိုဘာ ၂၉။
အောင်သော်ဖြိုး

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီတို့မှ ကျင်းပလျက်ရှိသည့် မြန်မာနေရှင်နယ်လိဂ်-၂ (MNL-2) ပြိုင်ပွဲ ၂၀၁၆ ရာသီကို ဇန်နဝါရီလ ဒုတိယအပတ်တွင် ကျင်းပရန်စီစဉ်နေပြီး ပြိုင်ပွဲဝင်ကလပ်အသင်းသစ် ၃ သင်း ပါဝင်လာသည့် အတွက် စုစုပေါင်း ၁၃သင်း ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ် ကော်မတီ မှ သိရသည်။

၂၀၁၆ MNL-2 တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် အသင်းသစ် ၃သင်းမှာ တက္ကသိုလ် ကစားသမားများကို အခြေခံကာ ဝင်ရောက် ယှဉ်ပြိုင်မည့် TTU FC (သန်လျင်နည်းပညာ တက္ကသိုလ်)၊ ဇာတ်မင်းသားဖိုးချစ် တည်ထောင်ပြီး လက်ရွေးစင်ဟောင်း ဇော်လင်းထွန်းက နည်းပြအဖြစ်  တာဝန်ယူမည့် Football Crazy FC (FC FC) နှင့် ဆေးတက္ကသိုလ်ကျောင်းသားများ၊ ဆရာဝန်လူငယ်များ၊ လူငယ်ကစားသမားများ ပါဝင်ယှဉ်ပြိုင်မည့် Doctor & Friends FC (DNF FC) တို့ ဖြစ်ကြသည်။

ပြိုင်ပွဲဝင်အသင်းသစ် ၃ သင်းသည့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲစည်းမျဉ်း သတ်မှတ်ချက်များ၊ စံချိန်စံညွန်းများ ကို လိုက်နာဆောင်ရွက်ကာ ကလပ်အသင်းတစ်သင်းတွင် ရှိရမည့် စံနှုန်းများအတိုင်းပြည့်မီအောင် ဖြည့်စွက်ပြီး ပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြန်မာနေရှင်လိဂ် ပြိုင်ပွဲကျင်းပရေးဌာနသို့ လျှောက်ထားခဲ့ခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ် MNL ပြိုင်ပွဲတွင် ယခုနှစ် မြန်မာနေရှင်နယ်လိဂ် ၂၀၁၅ မှ တန်းဆင်းအသင်း ၂ သင်း၊ မောရဝတီ၊ မြဝတီ၊ တက္ကသိုလ်များအသင်း၊ Best United၊ ငွေကြယ်ပွင့်လေးများ၊ ဖုန်ကန်အက်စ်စီ၊ GFA၊ ဒဂုံအက်ဖ်စီ၊ TTU FC၊ Football Crazy FC၊ Doctor & Friends FC စုစုပေါင်း ၁၃ သင်း ယှဉ်ပြိုင်မည် ဖြစ်သည်။

၂၀၁၅ နေရှင်နယ်လိဂ် -၂ ပြိုင်ပွဲမှ မြန်မာနေရှင်နယ်လိဂ်သို့ ဆောက်သမ်းမြန်မာ FC နှင့် Horizon FC တို့တက်ရောက်ခွင့်ရခဲ့ပြီး ၂၀၁၅ နေရှင်နယ်လိဂ် ပြိုင်ပွဲတွင် မနောမြေ၊ ရခိုင်၊ နေပြည်တော် အသင်းတို့ ၃ သင်းအနက် မည်သည့်အသင်းတန်းဆင်းရမည်ဆိုသည်မှာ လာမည့် အောက်တိုဘာ ၃၁ ရက်နေ့တွင် အဖြေထွက်မည်ဖြစ်သည်။

comments

error: Content is protected !!