ရီးရဲလ်နှင့် အယ်လ်ကလက်စီကိုပွဲစဉ်တွင် ဘာစီလိုနာကွင်းလယ်လူ မာရှေယာနို ပါဝင်ကစားနိုင်မည်
|
အီဘာအားအနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် ကွင်းလယ်ဒိုင်လူကြီးကို ပြင်းထန်စွာစောဒကတက်ခဲ့သည့်အပြင် ကြမ်းတမ်းသည့် စကားအသုံးအနှုန်းများဖြင့် ပြောဆိုခဲ့သည့်အတွက် အနီကတ်ပြထုတ်ပယ်ခံခဲ့ရသော ဘာစီလိုနာကွင်းလယ်ကစားသမားမာရှေယာနိုသည် ၂ ပွဲပယ်ပြစ်ဒဏ်သာချမှတ်ခံခဲ့ရခြင်းကြောင့် ရီးရဲလ်အသင်းနှင့် အယ်လ်ကလက်စီကိုပွဲစဉ်တွင် ပါဝင်ကစားနိုင်တော့မည်ဖြစ်သည်။
ယင်းဖြစ်စဉ်တွင် မာရှေယာနိုသည် ဒေါသကြောင့် အာဂျင်တီးနားတွင်လူသုံးများသည့် ဘာသာစကားဖြင့် ရေရွတ်ခဲ့ရာတွင် ထိုစကားမှာ စပိန်ဘာသာအရ မိခင်ဖြစ်သူအား စော်ကားပြောဆိုသည့် အဓိပ္ပါယ်ဖြစ်နေခဲ့သည့်အတွက် အနီကတ်ပြထုတ်ပယ်ခံရခြင်းဖြစ်ကြောင်း ဘာစီလိုနာနည်းပြအန်းနရစ်က ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ဒိုင်ကော်မတီက ၂ ပွဲပယ်ပြစ်ဒဏ်သာ ချမှတ်ခဲ့ခြင်းဖြစ်သည်။
ယင်းအတွက်ကြောင့် မာရှေယာနိုသည် ဂီတာဖေး၊ ဗီလာရီးရဲလ်တို့နှင့် လာလီဂါပွဲစဉ်များကို ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မည်ဖြစ်သော်လည်း နိုဝင်ဘာ ၂၁ ရက်နေ့တွင် ယှဉ်ပြိုင်ရမည့် ရီးရဲလ်နှင့်ပွဲစဉ်တွင်မူ အသင်းအတွက် ပြန်လည်ပါဝင်ပေးနိုင်မည်ဖြစ်သည်။
Next : စီးရီးအေပြိုင်ပွဲမှာ ပိုမိုအသက်ဝင်လာဟု အေစီမီလန်ဒုက္ကဋ္ဌ ဆို