ပြင်သစ်လိဂ်၌ ဘာစီလိုနာသွားရောက်ကစားရန်မဖြစ်နိုင်ကြောင်း လာပေါ်တာသုံးသပ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဇူလိုင်လ ဘာစီလိုနာဥက္ကဋ္ဌရွေးကောက်ပွဲတွင် လာပေါ်တာအားတွေ့ရစဉ်

ဘာစီလိုနာဥက္ကဋ္ဌဟောင်း လာပေါ်တာက ပြင်သစ်ဝန်ကြီးချုပ်၏ ဖိတ်ခေါ်ခြင်းခံခဲ့ရသော်လည်း ပြင်သစ်လိဂ်၌ ဘာစီလိုနာသွားရောက်ယှဉ်ပြိုင်ရန် မဖြစ်နိုင်ကြောင်း၊ ကာတာလန်ဒေသ ခွဲထွက်ဖြစ်ခဲ့ပါကလည်း လာလီဂါပြိုင်ပွဲမှ ထွက်ခွာဖွယ်မရှိကြောင်း သုံးသပ်ပြောကြားခဲ့သည်။

ပြင်သစ်ဝန်ကြီးချုပ်က စပိန်နိုင်ငံမှ ကာတာလန်ဒေသခွဲထွက်ခဲ့ပါက လာလီဂါပြိုင်ပွဲ၏စည်းမျဉ်းများအရ ပြိုင်ပွဲမှထွက်ခွာရမည့်အခြေအနေနှင့် ရင်ဆိုင်ရမည့် ဘာစီလိုနာအား ပြင်သစ်အမှတ်ပေးလိဂ်တွင် လာရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခဲ့သည့်အတွက် ဥက္ကဋ္ဌဟောင်းလာပေါ်တာက ယခုကဲ့သို့ ပြန်လည်ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဘာစီလိုနာအနေနဲ့  ပြည်ပအမှတ်ပေးလိဂ်တစ်ခုမှာ ကိုယ်စားပြုအသင်းတစ်သင်းအဖြစ် ရပ်တည်မှာမဟုတ်ပါဘူး။ လာလီဂါ၊ အက်လ်ကလက်စီကိုအစရှိတဲ့ ပုံရိပ်တွေက ဘာစီလိုနာနဲ့အတူ ဆက်ရှိနေဦးမှာပါ။  အထူးသဖြင့် လာလီဂါနဲ့လမ်းခွဲဖို့ မဖြစ်နိုင်ဘူးလို့ထင်ပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့အပြင် ဥရောပထိပ်တန်းလိဂ်တစ်ခုအဖြစ် ရပ်တည်နေတဲ့ လာလီဂါကို ဘာစီလိုနာအသင်း အဆုံးရှုံးခံမှာမဟုတ်ပါဘူး”ဟု ဥက္ကဋ္ဌဟောင်း လာပေါ်တာက ဆိုသည်။

ကာတာလန်ဒေသသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက စပိန်နိုင်ငံမှခွဲထွက်ရန်အတွက် ပြည်သူများထံမှ ဆန္ဒမဲကောက်ခံခဲ့ရာတွင် ဒေသခံ ၄၈ ရာခိုင်နှုန်းက နိုင်ငံမှခွဲထွက်၍ သီးခြားနိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်ရန်ရန် သဘောတူညီခဲ့သဖြင့် ဒီဇင်ဘာရွေးကောက်ပွဲတွင် ကာတာလန်ဒေသသည် စပိန်နိုင်ငံမှခွဲထွက်ရန် ပြင်ဆင်လျက်ရှိသည်။

comments

error: Content is protected !!