စီးရီးအေပြိုင်ပွဲမှာ ပိုမိုအသက်ဝင်လာဟု အေစီမီလန်ဒုက္ကဋ္ဌ ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အေစီမီလန်အသင်းပိုင်ရှင် ဘာလူစကိုနီ(၀ဲ)နှင့် ဂယ်လီယာန

အေစီမီလန်ဒုဥက္ကဋ္ဌ ဂယ်လီယာနီက  ပွဲစဉ် ၁၀ အပြီးတွင် စီးရီးအေပွဲစဉ်များမှာ ပိုမိုအသက်ဝင်လာကြောင်း၊ အေစီမီလန်အနေဖြင့် အမှတ်ပေးဇယားထိပ်ပိုင်းကို ပြန်လည်တက်ရောက်နိုင်သည့်အတွက် ကျေနပ်မိသော်လည်း အံအားသင့်စရာမရှိကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

ရလဒ်ဆိုးများကြောင့် ရုန်းကန်နေရသည့် အေစီမီလန်နည်းပြ မီဟိုင်းလိုဗစ်သည် နည်းပြရာထူးအတွက် ဖိအားပေးခံခဲ့ရသော်လည်း မီလန်ဒါဘီပွဲစဉ်တွင် အင်တာမီလန်အား အရေးနိမ့်ခဲ့ပြီးနောက် ဆက်ဆူလို၊ ချီယေဗိုအသင်းများအား ဆက်တိုက်အနိုင်ရရှိခဲ့ခြင်းကြောင့် အမှတ်ပေးဇယားအဆင့် ၈ နေရာသို့ ပြန်လည်တက်ရောက်နိုင်ရန် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

“ပွဲစဉ် ၁၀ အပြီး ရမှတ် ၁၆ မှတ်ရရှိခဲ့တာနဲ့ အမှတ်ပေးဇယားထိပ်ပိုင်းကို ပြန်ရောက်နိုင်ခဲ့တာတွေက အံအားသင့်စရာမဟုတ်ပါဘူး။ ရာသီအစပွဲစဉ်တွေမှာ ရမှတ်တချို့ ဆုံးရှုံးခဲ့တဲ့အတွက် ချန်ပီယံဆုရရှိဖို့ ရုန်းကန်ရဦးမှာပါ။ ဒါပေမဲ့ အမှတ်ပေးဇယားကို ရိုးမားက ဦးဆောင်နိုင်ခဲ့တာနဲ့အညီ ပြိုင်ပွဲက ပိုပြီးအသက်ဝင်လာပါပြီ ” ဟု ဂယ်လီယာနီက ဆိုသည်။

အေစီမီလန်မှာ ရလဒ်ကောင်းများ ပြန်လည်ရရှိလာသည့်အတွက် အမှတ်ပေးဇယားအားဦးဆောင်နေသည့် ရိုးမား၊ နာပိုလီ၊ ဖီအိုရင်တီးနား၊ အင်တာမီလန်အသင်းများကို ဖိအားပေးနိုင်ခဲ့ပြီဖြစ်ကြောင်း အသင်းပိုင်ရှင်ဘာလူစကိုနီက မှတ်ချတ်ပြုပြောကြားခဲ့သည်။

comments

error: Content is protected !!