Capital One ဖလား ကွာတားဖိုင်နယ်ပွဲစဉ်များ ထွက်ပေါ်လာ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
မန်ယူကို ပင်နယ်တီဖြင့် ကျော်ဖြတ်ခဲ့သည့် မစ်ဒယ်ဘရော့အသင်းသားများ

Capital One ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်အဖြစ် အဲဗာတန်မှာ မန်ယူကို ပင်နယ်တီဖြင့် စတုတ္ထအဆင့်တွင် အနိုင်ယူခဲ့သည့် မစ်ဒယ်ဘရော့နှင့်ရင်ဆိုင်ရမည်ဖြစ်ပြီး မန်စီးတီးမှာ ချန်ပီယံရှစ်ကလပ် ဟူးလ်စီးတီးနှင့် တွေ့ဆုံမည်ဖြစ်သည်။

လက်ရှိချန်ပီယံချဲလ်ဆီးကို ကျော်ဖြတ်လာသည့် စတုတ်စီးတီးမှာ အာဆင်နယ်ကို အနိုင်ယူခဲ့သည့် ရှက်ဖီးဝက်စ်ဒေးနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ပရီးမီးယားလိဂ် ၂ သင်း ထိပ်တိုက်ဆုံသည့် တစ်ပွဲတည်းသောပွဲစဉ်အဖြစ် ဆောက်သမ်တန်က လီဗာပူးကို ရင်ဆိုင်ရမည်ဖြစ်သည်။

ကွာတားဖိုင်နယ်ပွဲစဉ်များမှာ လာမည့် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Capital One ကွာတားဖိုင်နယ်ပွဲစဉ်များ
မစ်ဒယ်ဘရော့ – အဲဗာတန်
ဆောက်သမ်တန် – လီဗာပူး
စတုတ်စီးတီး – ရှက်ဖီးဝက်စ်ဒေး
မန်စီးတီး – ဟူးလ်စီးတီး

comments

error: Content is protected !!