ဘန်တီကီကြံ့ခိုင်မှုပြည့်ဝမည်ဟု မျှော်လင့်ထားကြောင်း ကလော့ပ်ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဆောက်သမ်တန်နှင့်ပွဲစဉ်က ဂိုးသွင်းပြီးအောင်ပွဲခံနေသည့် ဘန်တီက

လီဗာပူးနည်းပြယာဂင်ကလော့ပ်က အန်ဖီးလ်ကွင်းတွင် ၎င်းအတွက်ပထမဆုံးနိုင်ပွဲရရှိခဲ့သည့် ဘုန်းမောက်နှင့်ပွဲကို လွဲချော်ခဲ့သော တိုက်စစ်မှူးဘန်တီကီမှာ ယခုတစ်ပတ်တွင် ယှဉ်ပြိုင်မည့် ချဲလ်ဆီးနှင့်ပွဲ၌ ကြံ့ခိုင်မှုပြည့်ဝစွာကစားနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ယခုနွေရာသီတွင် ပေါင် ၃၂.၅ သန်းဖြင့်ခေါ်ယူခဲ့သော တိုက်စစ်မှူးဘန်တီကီ၏ ကြံ့ခိုင်မှုနှင့်ပတ်သက်၍ ”စနေနေ့မှာကစားမယ့်ပွဲအတွက် ဘန်တီကီကြံ့ခိုင်မှုပြည့်ဝနေမယ်လို့ ကျွန်တော်ထင်တယ်။ သူ့မှာ ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး ပြဿနာနည်းနည်းရှိနေတယ်။ ကျွန်တော့်တိုက်စစ်မှူးတွေရဲ့ လက်ရှိအခြေအနေအရ သူတို့ကို ဒုက္ခဖြစ်အောင် မလုပ်ပါဘူး။ အိုရီဂီကလည်း ဘုန်းမောက်နဲ့ပွဲမှာ အစွမ်းကုန်ကစားပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘန်တီကီပြန်ကစားနိုင်မယ်လို့ ကျွန်တော်ထင်တယ်” ဟု ပြောကြားခဲ့သည်။

ထို့အပြင် ဘုန်းမောက်နှင့်ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် ပထမပိုင်း၌ တံကောက်ကြောဒဏ်ရာရရှိခဲ့သဖြင့် စကာတယ်နှင့် လူစားလဲခဲ့ရသော နောက်ခံလူကိုလိုတိုရေး၏ ဒဏ်ရာနှင့်ပတ်သက်၍ အတိအကျပြောဆိုနိုင်ခြင်းမရှိသေးကြောင်း လီဗာပူးနည်းပြကလော့ပ်က ပြောကြားခဲ့သည်။

comments

error: Content is protected !!